ထိုင်ဝမ်သမ္မတအသစ် ကျမ်းသစ္စာကျိန်ဆိုပြီး သုံးရက်အကြာတွင် တရုတ်စစ်တပ်က စစ်ရေးလေ့ကျင့်ခန်းများပြုလုပ်

ထိုင်ဝမ်၊ မေ ၂၃

ထိုင်ဝမ်တွင် သမ္မတအသစ် ကျမ်းသစ္စာကျိန်ဆိုပြီး ရက်ပိုင်းအကြာတွင် တရုတ်စစ်တပ်က ထိုင်ဝမ်ကျွန်းအနီး စစ်ဆေးလေ့ကျင့်ခန်းများ စတင်လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

တရုတ်စစ်တပ်က ထိုင်ဝမ်ကျွန်းအနီးပြုလုပ်သော စစ်ရေးလေ့ကျင့်ခန်းကို “ punishment” ဟု အမည်ပေးထားပြီး နှစ်ရက်ကြာပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

ထိုင်ဝမ်စစ်တပ်က ကျွန်းအနီးပြုလုပ်နေသော တရုတ်စစ်တပ်၏ စစ်ရေးလေ့ကျင့်ခန်းများကို အနီးကပ်စောင့်ကြည့်နေကြောင်း ကျွန်းကိုကာကွယ်နိုင်မည်ဟု ယုံကြည်ထားကြောင်းသိရသည်။

ပြီးခဲ့သောရက်ပိုင်းက အမေရိကန်နိုင်ငံတွင် ပညာသင်ကြားဖူးသော လိုင်ချန်တေးသည် ထိုင်ဝမ်သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့ပြီး တရုတ်နိုင်ငံကို သတိပေးပြောဆိုခြင်းများလုပ်ဆောင်ခဲ့ကြောင်း သိရသည်။

၎င်းက တရုတ်အစိုးရအနေဖြင့် ထိုင်ဝမ်ကိုခြိမ်းခြောက်အကျပ်ကိုင်ရန် ကြိုးပမ်းနေခြင်းများကို ရပ်တန့်ရမည်ဖြစ်ကြောင်း သတိပေးခဲ့သည်။

သို့သော်လည်း တရုတ်အစိုးရက ထိုင်ဝမ်သည် ၎င်းတို့ပိုင်နက်ဖြစ်ပြီး ကျမ်းသစ္စာကျိန်ဆိုပွဲတွင်ပြောဆိုခဲ့သော ထိုင်ဝမ်သမ္မတ၏ ပြောစကားများကို လက်မခံနိုင်ကြောင်း တုံ့ပြန်ထားသည်။

ထိုင်ဝမ်ကျွန်းအနီးပြုလုပ်မည့် တရုတ်နိုင်ငံ၏ စစ်ရေးလေ့ကျင့်ခန်းအစီအစဉ်များထဲတွင် တရုတ်အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၊ ရေတပ်၊ လေတပ်နှင့် ဒုံးကျည်တပ်ဖွဲ့များ ပူးပေါင်းပါ ဝင်မည်ဖြစ်ကြောင်း သိရသည်။

ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက တရုတ်နိုင်ငံကပြုလုပ်သော အဆိုပါစစ်ရေးလေ့ကျင့်ခန်းကို ပြစ်တင်ရှုတ်ချထားပြီး ကျွန်အနီးသို့ တပ်ဖွဲ့ဝင်များစေလွှတ်သွားမည်ဖြစ်သလို ကျွန်းပိုင်နက်များကို ကာကွယ်ရန်ကြိုးပမ်းမည်ဟု ပြောသည်။

ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက တရုတ်နိုင်ငံ၏ စစ်ရေးလေ့ကျင့်ခန်းသည် ထိုင်ဝမ်ရေလက်ကြား တည်ငြိမ်၊ ငြိမ်ချမ်းရေးကို အထောက်ကူပြုမည်မဟုတ်ကြောင်း၊ တရုတ်နိုင်ငံ၏စိတ်နေသဘောထားကို ဖော်ပြလိုက်သည့် စစ်ရေးလေ့ကျင့်ခန်းဖြစ်ကြောင်း ပြောသည်။

ထိုင်ဝမ်သည် တရုတ်လက်အောက်မှခွဲထွက်ကာ ကိုယ်ပိုင်လွှတ်လပ်ရေးရယူနိုင်ရန် လိုလားနေပြီး တရုတ်နိုင်ငံနှင့် အငြင်းပွားမှုများပိုမိုဖြစ်လာနေကြောင်း သိရသည်။

ကောင်းထက်ငွေ

channelnewsasia.com

ထိုင်ဝမ်သမ္မတအသစ် ကျမ်းသစ္စာကျိန်ဆိုပြီး သုံးရက်အကြာတွင် တရုတ်စစ်တပ်က စစ်ရေးလေ့ကျင့်ခန်းများပြုလုပ် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.