ဘေဂျင်း၊ ဧပြီ ၁၀
တရုတ်သမ္မတ ရှီကျင့်ဖျင့်က ထိုင်ဝမ်နှင့်ပြန်လည်ပေါင်းစည်းရေးကို မည်သူမျှရပ်တန့်လို့မရနိုင်ကြောင်း ထုတ်ဖော်ပြောဆိုလိုက်သည်။
တရုတ်သမ္မတသည် ထိုင်ဝမ်သမ္မတဟောင်း Ma Ying-jeou နှင့် တွေ့ဆုံဆွေးနွေးချိန်အတွင်း တရုတ်နှင့်ပြန်လည်ပေါင်းစည်းရေးကို ထုတ်ဖော်ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။
Ma Ying-jeou သည် ထိုင်ဝမ်သမ္မတအဖြစ် ၂၀၀၈ ခုနှစ်မှ ၂၀၁၆ ခုနှစ်အတွင်း သမ္မတအဖြစ်တာဝန်ယူခဲ့ဖူးပြီး တရုတ်နိုင်ငံကို သွားရောက်လည်ပတ်သော ထိုင်ဝမ်၏ပထမဆုံးသမ္မတဖြစ်လာခဲ့ကြောင်း သိရသည်။
တရုတ်သမ္မတက “ ပြည်ပကြားဝင်စွက်ဖက်မှုတွေဟာ ထိုင်ဝမ်နဲ့တရုတ်နိုင်ငံကြား ပြန်လည်ပေါင်းစည်းရေးကို ရပ်တန့်လို့ရနိုင်မှာမဟုတ်ဘူး။” ဟု ပြောသည်။
တရုတ်သမ္မတသည် ထိုင်ဝမ်နှင့်ပြန်လည်ပေါင်းစည်းရေးဆိုသောအချက်ကို အသေးစိတ်ပြောဆိုခြင်းတော့မရှိခဲ့ကြောင်း သိရသည်။
ရှီကျင့်ဖျင့်သည် အမေရိကန်ဦးဆောင်သော အနောက်အုပ်စုနိုင်ငံများကို ပြည်ပကြားဝင်စွက်ဖက်မှုအဖြစ် ရည်ညွှန်းပြောဆိုခြင်းမျိုးဖြစ်ကြောင်း သိရသည်။
တရုတ်သမ္မတက “ ထိုင်ဝမ်ရေလက်ကြားနှစ်ဖက်စလုံးမှာ နေထိုင်နေသူအားလုံးဟာ တရုတ်လူမျိုးတွေဖြစ်ပါတယ်။ ဘယ်သူမှ ကျွန်တော်တို့တရုတ်လူမျိုးတွေ ပြန်လည်ပေါင်းစည်းရေးကို ခွဲခြားထားလို့မရဘူး။ ပြန်လည်ပေါင်းစည်းရေးဆွေးနွေးဖို့ ပြသာနာမရှိပါဘူး။” ဟု ပြောသည်။
လက်ရှိအချိန်တွင် တရုတ်နိုင်ငံက ထိုင်ဝမ်ကို ၎င်းတို့ပိုင်နက်ဖြစ်ကြောင်း ပြောဆိုနေသော်လည်း ထိုင်ဝမ်က တရုတ်လက်အောက်မှ ခွဲထွက်ရန်လိုလားနေကြောင်း သိရသည်။
ခွဲထွက်ရေးနှင့်ပတ်သက်ပြီး တရုတ်နိုင်ငံနှင့် ထိုင်ဝမ်တို့ကြား အငြင်းပွားမှုအရှိန်မြင့်တက်ခဲ့ပြီး တရုတ်နိုင်ငံက ထိုင်ဝမ်ရေလက်ကြားဝန်းကျင်နားတွင် စစ်သင်္ဘောများ၊ စစ်လေယာဉ်များ မကြာခဏကျူးကျော်ဝင်ရောက်ခြင်းများရှိနေခဲ့ကြောင်း သိရသည်။
တရုတ်နိုင်ငံသည် ထိုင်ဝမ်ကို အင်အားသုံးမည်ဆိုသေ ာထင်ကြေးပေးမှုများလည်း မကြာခဏထွက်ပေါ်နေကြောင်း သိရသည်။
ကောင်းထက်ငွေ
channelnewsasia.com
ထိုင်ဝမ်နှင့်တရုတ်နိုင်ငံ ပြန်လည်ပေါင်းစည်းရေးကို မည့်သူမျှရပ်တန့်လို့မရနိုင်ကြောင်း တရုတ်သမ္မတ ဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်