ထိုင်ဝမ်တွင် သမ္မတရွေးကောက်ပွဲများ စတင်ပြုလုပ်

ထိုင်ဝမ်၊ ဇန်နဝါရီ ၁၃

ထိုင်ဝမ်လူမျိုးများသည် ဇန်နဝါရီ ၁၃ ရက်နေ့တွင်ကျင်းပသော ရွေးကောက်ပွဲတွင်ပါဝင်ပြီး ဆန္ဒမဲပေးခဲ့ကြောင်း သိရသည်။ ထိုင်ဝမ်ရွေးကောက်ပွဲနှင့်ပတ်သက်ပြီး တရုတ်နိုင်ငံ၏ ခြိမ်းခြောက်မှုများရှိနေချိန်တွင် ထိုင်ဝမ်အစိုးရက ရွေးကောက်ပွဲကို ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါရွေးကောက်ပွဲက ထိုင်ဝမ်အနာဂတ်နှင့်ပတ်သက်ပြီး အရေးကြီးသော ရွေးကောက်ပွဲဖြစ်ပြီး ရွေးချယ်လိုက်သောခေါင်းဆောင် အမှားယွင်းများရှိလာပါက တရုတ်နိုင်ငံနှင့် စစ်ပွဲများဖြစ်လာနိုင်မည်ဟု သတင်းများထွက်ပေါ်နေသည်။

တရုတ်အစိုးရက ထိုင်ဝမ်ရွေးကောက်ပွဲတွင် အနိုင်ရရှိရန် ရေပန်းအစားဆုံးဖြစ်နေသည့် ဒုတိယသမ္မတ Lai Ching-te, သည် အနာဂတ်တွင် အန္တရာယ်ရှိလာနိုင်ချေရှိသူဖြစ်ကြောင်း မကြာသေးမီက သတင်းထုတ်ပြန်ခဲ့သည်။

တရုတ်အစိုးရက ရွေးကောက်ပွဲတွင် သမ္မတဖြစ်ရန် အလားလာအကောင်းဆုံးဖြစ်နေသော Lai Ching-te သမ္မတဖြစ်လာမည်ဆိုရင် အန္တရာယ်ရှိသည့် ခွဲထွက်မှုများ ရှိလာနိုင်ကြောင်း ဆိုထားသည်။

ထိုင်ဝမ်ရွေးကောက်ပွဲသည် မဲပေးခွင့်ရှိသူလူပေါင်း သန်း ၂၀ နီးပါးသည် မဲရုံပေါင်း ၁၈,၀၀၀ ကျော်တွင် မဲပေးမည်ဖြစ်ပြီး၊ ဇန်နဝါရီ ၁၃ ရက် ညနေ ၄ နာရီနောက်ဆုံးထား မဲပေးရ မည်ဖြစ်ကြောင်း သိရသည်။

ထိုင်ဝမ်၏ တရားဝင်သမ္မတအသစ်ကို လာမည့်ရက်ပိုင်းအတွင်း ရွေးချယ်သွားနိုင်ဖွယ်ရှိနေကြောင်း သိရသည်။

ထိုင်ဝမ်သည် ပြီးခဲ့သောနှစ်တည်းက တရုတ်နိုင်ငံနှင့် တင်းမာမှုအရှိန်မြင့်တက်လာနေပြီး အပြန်အလှန် ဝေဖန်ပြစ်တင်မှုများ လုပ်ဆောင်နေခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံသည် ထိုင်ဝမ်ရွေးကောက်ပွဲ မကျင်းပခင်အချိန်တည်းက ထိုင်ဝမ်ကို ဖိအားအမျိုးမျိုးပေးခဲ့ပြီး ထိုင်ဝမ်ကို အနီးကပ်စောင့်ကြည့်နေခဲ့ကြောင်း သိရသည်။

ကောင်းထက်ငွေ

thehindu.com

ထိုင်ဝမ်တွင် သမ္မတရွေးကောက်ပွဲများ စတင်ပြုလုပ် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.