ထိုင်ဝမ်ကို ခွဲထွက်ခွင့်ပေးမည်မဟုတ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဆို

ဘေဂျင်း၊ မတ် ၇

ထိုင်ဝမ်ပြည်သူများ၏ လွတ်လပ်ရေးရယူနိုင်ရန် ကြိုးပမ်းမှုများသည် သမိုင်းကိုဖျက်ဆီးခြင်းဖြစ်လာဖွယ်ရှိနေပြီး တရုတ်နိုင်ငံအနေဖြင့် ထိုင်ဝမ်ကို ခွဲထွက်ခွင့်ပေးမည်မဟုတ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ထုတ်ဖော်ပြောဆိုလိုက်သည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးသည် ပြီးခဲ့သောရက်ပိုင်းက တရုတ်နိုင်ငံတွင် နှစ်စဉ်ကျင်းပနေသော အကြီးမားဆုံးနိုင်ငံရေးအစည်းအဝေးအတွင်း ယင်းကဲ့သို့ပြောဆိုခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ထိုင်ဝမ်သည် တရုတ်နိုင်ငံလက်အောက်မှခွဲထွက်ပြီး ကိုယ်ပိုင်လွတ်လပ်ရေးရယူနိုင်ရန် ကြိုးပမ်းလာခဲ့ပြီးနောက် တရုတ်နှင့် ထိုင်ဝမ်ကြားတင်းမာမှုအရှိန် မြင့်တက်လာခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံသည် လွတ်လပ်ရေးရယူနိုင်ရန် ကြိုးပမ်းမှုများနှင့်ပတ်သက်ပြီး ထိုင်ဝမ်ကို ဖိအားပေးခြင်းများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးက “ ထိုင်ဝမ်အတွက် လွှတ်လပ်ရေးရယူဖို့ ကြိုပမ်းနေတဲ့ ထိုင်ဝမ်ပြည်သူတွေဟာ သမိုင်းကိုဖျက်ဆီး၊ ပျက်စီးတာမျိုးဖြစ်အောင် လုပ်ဆောင်တာဖြစ်တယ်။ ထိုင်ဝမ်ကို အမိမြေကနေခွဲထွက်ဖို့ ဘယ်တော့မှခွင့်ပြုမှာမဟုတ်ဘူး။” ဟု ပြောသည်။

ထိုင်ဝမ်သည် ကိုယ်ပိုင်လွှတ်လပ်ရေးရယူနိုင်ရန်အတွက် အမေရိကန်နိုင်ငံ၏အကူညီများရယူခဲ့ရာ အမေရိကန်နှင့် တရုတ်နိုင်ငံကြား တင်းမာမှုအရှိန် မြင့်တက်လာခဲ့သည်။

တရုတ်စစ်သင်္ဘောများ၊ တိုက်လေယာဉ်များသည် ထိုင်ဝမ်ကျွန်းနားကို ကျူးကျော်ဝင်ရောက်ပျံသန်းခြင်းများ မကြာခဏလုပ်ဆောင်လာခဲ့ရာ နှစ်ဖက်တင်းမာမှု ပိုမိုဖြစ်လာခဲ့ကြောင်း သိရသည်။

ကောင်းထက်ငွေ

thaipbsworld.com

ထိုင်ဝမ်ကို ခွဲထွက်ခွင့်ပေးမည်မဟုတ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.