ထားဝယ်အကျဥ်းထောင်မှ နိုင်ငံရေးအကျဥ်းသား ၁၄ ဦး လွတ်ရက်စေ့၍ ပြန်လည်လွတ်မြောက်

ရန်ကုန်၊ အောက်တိုဘာ ၄

တနင်္သာရီတိုင်း၊ ထားဝယ်အကျဥ်းထောင်မှ လွတ်ရက်စေ့၍ နိုင်ငံရေးအကျဥ်းသား ၁၄ ဦး ပြန်လည်လွတ်မြောက်လာကြောင်း ထားဝယ်နိုင်ငံရေးအကျဥ်းသားများ ကွန်ရက်မှ ထုတ် ပြန်ထားသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၂ ရက်၊ နံနက်ပိုင်းတွင် ထားဝယ်အကျဥ်းထောင်မှ တက္ကသိုလ်ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌဟောင်း အပါအဝင် နိုင်ငံရေးအကျဉ်းသား ၁၄ ဦး ပြန်လည်လွတ် မြောက်လာကြောင်း သိရသည်။

ထိုနိုင်ငံရေးအကျဥ်းသားများမှာ ပုဒ်မ ၅၀၅ (က) ဖြင့် ထောင်ဒဏ်သုံးနှစ်နှင့် ပုဒ်မ ၁၉ (စ) ဖြင့် ထောင်ဒဏ်တစ်နှစ် စုစုပေါင်း ထောင်ဒဏ်လေးနှစ် အမိန့်ချမှတ်ခံထားရသူများဖြစ် ကြောင်း သိရသည်။

လွတ်ရက်စေ့၍ လွတ်မြောက်လာသည့် နိုင်ငံရေးအကျဥ်းသားများမှာ ကိုအောင်ဝေယံကျော်၊ ကိုသုတတင်စိုး၊ မောင်တူး၊ ကိုအောင်သူရဇော်၊ ကိုရဲထွန်း၊ ကိုဝေယံထက်၊ ကိုကျော် မင်းဦး၊ ကိုဇင်မြတ်ဦး၊ ကိုကိုလင်းနိုင်၊ ကိုဝင်းလတ်ထွေး၊ ကိုဥက္ကာရှိုင်းအောင်၊ ကိုဝေယံဌေး၊ ကိုဖြိုးမင်းကို၊ ကိုကြည်လွင်နှင့် ကိုမင်းကိုဦးတို့ဖြစ်ကြောင်း Dawei Political Prisoners Network ထားဝယ်နိုင်ငံရေးအကျဉ်သားများကွန်ရက်မှ ထုတ်ပြန်ထားသည်။

၎င်းတို့မှာ ၂၀၂၁ ခုနှစ်၊ မေလအတွင်းက ဖမ်းဆီးခံထားရသူများဖြစ်ကြောင်း သိရသည်။

ဂျူဂျူး

ဓာတ်ပုံ – DPPN

#ယနေ့ခေတ်

ထားဝယ်အကျဥ်းထောင်မှ နိုင်ငံရေးအကျဥ်းသား ၁၄ ဦး လွတ်ရက်စေ့၍ ပြန်လည်လွတ်မြောက် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.