ကိဗ်၊ မတ် ၁၉
ယူကရိန်းမြောက်ပိုင်း ဆူမီဒေသရှိ ဆေးရုံနှစ်ခုကို ရုရှားတပ်ဖွဲ့များက ဒရုန်းဖြင့်တိုက်ခိုက်ခဲ့ကြောင်း ယူကရိန်းအရာရှိများက ပြောကြားသည်။
အင်္ဂါနေ့က ဒေါ်နယ်ထရမ့်နှင့်တွေ့ဆုံစဉ် စွမ်းအင်အခြေခံအဆောက်အအုံဆိုင်ရာ တိုက်ခိုက်မှုများကို ရက်ပေါင်း ၃၀ ယာယီရပ်နားရန် ပူတင်က သဘောတူခဲ့သော်လည်း ပိုမိုပြည့်စုံသော အပစ်အခတ်ရပ်စဲရေးကို ပယ်ချခဲ့သည်။
ဇီလန်စကီးက ယူကရိန်းအပေါ် ရုရှား၏တိုက်ခိုက်မှုများကို ပြင်းပြင်းထန်ထန်တုံ့ပြန်သည့်အနေနှင့် ပူတင်၏စကားများသည် လက်တွေ့နှင့်ကွဲလွဲနေကြောင်း ပြောသည်။
ယူကရိန်းအရေးဆွေးနွေးပွဲကို ဆော်ဒီအာရေဗျ၌ တနင်္ဂနွေနေ့တွင် ဆက်လက်ပြုလုပ်မည်ဖြစ်ကြောင်း အမေရိကန်သံတမန် Steve Witkoff က ပြောကြားသည်။
ပူတင်နှင့် ထရမ့်တို့က ဖုန်းပြောဆိုမှုအတွင်း ယူကရိန်းနှင့် ရုရှားနိုင်ငံတို့မှ အကျဉ်းသား ၁၇၅ ဦးကို ယနေ့တွင် လဲလှယ်ကြမည်ဟု သဘောတူညီခဲ့ကြသည်။
#BBC
#ယနေ့ခေတ်
ထရမ့်၏ အပစ်အခတ်ရပ်စဲရေးအစီအစဉ်ကို ပူတင်ကပယ်ချပြီး ယူကရိန်းဆေးရုံနှစ်ခုကို တိုက်ခိုက် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်