ကွာလာလမ်ပူ၊ ဧပြီ ၁၀
အရှေ့တောင်အာရှနိုင်ငံများသည် ကုန်သွယ်မှုအခွန်အကောက်များဆိုင်ရာ အမေရိကန်နှင့် တွေ့ဆုံဆွေးနွေးရန် ဖိအားများရှိနေပြီး လက်တုံ့ပြန်သည့်အစီအမံများ ချမှတ်မည်မဟုတ်ကြောင်း အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ)၏ စီးပွားရေးဝန်ကြီးများက ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။
အမေရိကန်၏ စည်းကြပ်ခွန်များ အကောင်အထည်ဖော်မှုနှင့်ပတ်သက်၍ ရက် ၉၀ ကြာ ခေတ္တရပ်ထားသည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မကြေညာမီ အမေရိကန်အစိုး ရမှ ပစ်မှတ်ထားသည့် အရှေ့တောင်အာရှ ကိုးနိုင်ငံအနက် ခြောက်နိုင်ငံသည် မျှော်လင့်ထားသည်ထက် ပိုမိုကြီးမားသောအခွန်စည်းကြပ်မှု ၃၂% နှင့် ၄၉% ကြား ဖြတ်တောက်ခံခဲ့ရသည်။
နှိုင်းယှဉ်ကြည့်လျှင် ဥရောပသမဂ္ဂ (EU) သည် ၂၀ ရာခိုင်နှုန်း၊ ဂျပန်က ၂၄ ရာခိုင်နှုန်းနှင့် အိန္ဒိယက ၂၇ ရာခိုင်နှုန်း ဖြစ်သည်။
“ ကုန်သွယ်မှုဆိုင်ရာ စိုးရိမ်ပူပန်မှုများကို ဖြေရှင်းရန်အတွက် အမေရိကန်နှင့် ပွင့်လင်းမြင်သာစွာ အပြုသဘောဆောင်သော ဆွေးနွေးညှိနှိုင်းမှုများပြုလုပ်ရန် ကျွန်ုပ်တို့၏ဘုံရည်ရွယ် ချက်ကို ဖော်ပြပါသည်။ ပွင့်လင်းသော ဆက်သွယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုသည် မျှတပြီး၊ ရေရှည်တည်တံ့သောဆက်ဆံရေးကို အာမခံရန်အရေးကြီးပါသည်” ဟု အရှေ့တောင်အာရှ စီးပွားရေးဝန်ကြီးများက ကြေငြာချက်တွင် ပြောကြားခဲ့သည်။
ကြာသပတေးနေ့ အစည်းအဝေးအပြီးတွင် ဝန်ကြီးများသည် ကြိုတင်မှန်းဆနိုင်သော၊ တရားမျှတပြီး စည်းမျဉ်းများအခြေခံသည့် နိုင်ငံစုံကုန်သွယ်မှုစနစ်အတွက် ၎င်းတို့၏ထောက် ခံမှုကို ထပ်မံအတည်ပြုခဲ့ကြောင်း ပြောကြားခဲ့သည်။
အထူးအစည်းအဝေးကို မလေးရှားနိုင်ငံ ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီး Tengku Zafrul Aziz မှ သဘာပတိအဖြစ်ဆောင်ရွက်ခဲ့သည်။ အာဆီယံ အလှည့်ကျဥက္ကဋ္ဌအဖြစ် မလေးရှားကတာဝန်ယူထားသည်။ အဖွဲ့ဝင် ၁၀ ဦးပါ ဒေသဆိုင်ရာအစုအဖွဲ့သည် ကမ္ဘာပေါ်တွင် ပဉ္စမမြောက်အကြီးဆုံးစီးပွားရေးဖြစ်သည်။ ထိုင်း၊ ဘရူ နိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ စင်ကာပူနှင့် ဗီယက်နမ်တို့ အပါအဝင် ၎င်း၏အဖွဲ့ဝင်များသည် တိုးတက်မှု၏ တွန်းအားတစ်ခုအဖြစ် ပို့ကုန်အပေါ် မှီခိုနေရသည်။
ကုန်ထုတ်စွမ်းအားကြီး ဗီယက်နမ်သည် အမေရိကန်သို့ ပို့ကုန်ခွန် ၄၆ ရာခိုင်နှုန်းနှင့် အနောက်နိုင်ငံမှ နာမည်ကြီးအမှတ်တံဆိပ်အတွက် တန်ဖိုးနည်းအဝတ်အထည်များ အဓိကထုတ်လုပ်သည့် အိမ်နီးချင်းကမ္ဘောဒီးယားသည် အခွန် ၄၉ ရာခိုင်နှုန်း စည်းကြပ်ခံခဲ့ရသည်။
အခြားအာဆီယံနိုင်ငံများဖြစ်သည့် လာအို (၄၈%)၊ မြန်မာ (၄၄%)၊ ထိုင်း (၃၆%) နှင့် အင်ဒိုနီးရှား (၃၂%) တို့ဖြစ် သည်။ အရှေ့တောင်အာရှ၏တတိယအကြီးဆုံးစီးပွားရေးဖြစ်သော မလေးရှားသည် အခွန် ၂၄% လျှော့ ကျခဲ့သည်။ ဘရူနိုင်းသည် အခွန် ၂၄ ရာခိုင်နှုန်းနှင့် ရင်ဆိုင်နေရပြီး ဖိလစ်ပိုင်က ၁၇ ရာခိုင်နှုန်းနှင့် စင်ကာပူမှ ၁၀ ရာခိုင်နှုန်းတို့ပါဝင်သည်။
Ref: Bangkok Post
#ယနေ့ခေတ်
ထရမ့်၏အခွန်စည်းကြပ်မှုကို အာဆီယံက လက်တုံ့ပြန်မည်မဟုတ် ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်