ထရမ့်က ၅၀% စည်းကြပ်ခွန်ထပ်တိုးမည်ဆိုသည်ကို အဆုံးအထိတိုက်ပွဲဝင်မည်ဟု တရုတ်တုံ့ပြန်

ဘေဂျင်း၊ ဧပြီ ၈

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က စည်းကြပ်ခွန်အသစ် ၅၀ ရာခိုင်နှုန်း ထပ်တိုးမည်ဟူသည့် ခြိမ်းခြောက်မှုကို အဆုံးထိတွန်းလှန်မည်ဟု တရုတ်နိုင်ငံက အင်္ဂါနေ့တွင်တုံ့ပြန်ခဲ့သည်။

ဒေါ်နယ်ထရန့်၏ စည်းကြပ်ခွန်အသစ်မူဝါဒကြောင့် ကမ္ဘာလုံးဆိုင်ရာစျေးကွက်များမှ ထရီလီယံပေါင်းများစွာ ဆုံးရှုံးခဲ့ရပြီးနောက် ကုန်သွယ်ရေးစစ်ပွဲကို ပိုမိုဆိုးရွားစေခဲ့သည်။

ဝါရှင်တန်၏ အဓိကစီးပွားရေးပြိုင်ဘက်သာမက အဓိကကုန်သွယ်ဖက်ဖြစ်သည့် ပေကျင်းသည် ကြာသပတေးနေ့တွင် စတင်အသက်ဝင်မည့် အမေရိကန်ကုန်ပစ္စည်းများအပေါ် အခွန် ၃၄ ရာခိုင်နှုန်းကောက်ခံမည်ဟု တုံ့ပြန်ခဲ့ပြီးနောက် ကမ္ဘာ့အကြီးဆုံးစီးပွားရေးနိုင်ငံနှစ်ခုကြား ပြိုင်ဆိုင်မှုကို နက်ရှိုင်းစေခဲ့သည်။

ဘေဂျင်းက ၎င်း၏အခွန်စည်းကြပ်မှုကို ရပ်တန့်ရန်ငြင်းဆိုပါက စည်းကြပ်ခွန်များ ထပ်မံကောက်ခံမည်ဖြစ်ကြောင်း ထရမ့်ကသတိပေးပြီးနောက် တရုတ်ကုန်စည်များအပေါ် အခွန် စည်းကြပ်မှုအားလုံးကို ၁၀၄ ရာခိုင်နှုန်းအထိတိုးမြင့်ရန် လုပ်ဆောင်ခဲ့သည်။

တရုတ်က အမေရိကန်၏ “Blackmailing” ဟုခေါ်သည့်အရာကို ပြင်းပြင်းထန်ထန်တုံ့ပြန်ခဲ့ပြီး အဆိုပါစည်းကြပ်ခွန်များကို မည်သည့်အခါမှ လက်ခံမည်မဟုတ်ကြောင်း ပြောဆိုခဲ့သည်။

“အမေရိကန်က သူ့နည်းသူ့ဟန်အတိုင်း ဆက်လုပ်မယ်ဆိုရင် တရုတ်က အဆုံးထိတိုက်သွားမှာပါ” ဟု ပေကျင်း ကုန်သွယ်ရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူက အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။

“အမေရိကန်က သူ့ရဲ့အကောက်ခွန်ကို အရှိန်မြှင့်မယ်ဆိုရင် တရုတ်က သူ့ရဲ့ကိုယ်ပိုင်အခွင့်အရေးနဲ့ အကျိုးစီးပွားတွေကိုကာကွယ်ဖို့ ပြတ်ပြတ်သားသား တန်ပြန်အရေးယူသွားမှာပါ” ဟု တရုတ်ဝန်ကြီးဌာနက ပြောကြားခဲ့သည်။

သို့သော် ဘေဂျင်းက ဝါရှင်တန်နှင့် တွေ့ဆုံဆွေးနွေးရန် ကြိုးပမ်းခဲ့ကြောင်းနှင့် ကုန်သွယ်ရေးစစ်ပွဲတွင် အောင်နိုင်သူမရှိဟု ၎င်း၏အမြင်ကိုလည်း ထပ်လောင်းပြောကြားခဲ့သည်။

Ref:Thai PBS World

#ယနေ့ခေတ်

ထရမ့်က ၅၀% စည်းကြပ်ခွန်ထပ်တိုးမည်ဆိုသည်ကို အဆုံးအထိတိုက်ပွဲဝင်မည်ဟု တရုတ်တုံ့ပြန် အတွက် မှတ်ချက် 1 ခုရှိပါတယ်

    One response to “ထရမ့်က ၅၀% စည်းကြပ်ခွန်ထပ်တိုးမည်ဆိုသည်ကို အဆုံးအထိတိုက်ပွဲဝင်မည်ဟု တရုတ်တုံ့ပြန်”

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.