တွဲကားဘရိတ်ပေါက်ကာ ကျောင်းဖယ်ရီကားအပါအဝင် ကားလေးစီးတိုက် ၁၇ ဦး ဒဏ်ရာရ

ရန်ကုန်၊ သြဂုတ် ၁၇

ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၌ ယမန်နေ့ ညနေပိုင်းတွင် ကားလေးစီးဆင့်တိုက်မှုဖြစ်ပွားခဲ့ပြီး ကျောင်းဖယ်ရီကားပေါ်မှ ကလေးငါးဦးအပါအဝင် ၁၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ရွှေမေတ္တာအခမဲ့ လူမှုကူညီရေးအသင်းမှ သိရသည်။

ယမန်နေ့ သြဂုတ် ၁၆ ရက်၊ ညနေ ၄ နာရီ ၄၅ မိနစ်ခန့်တွင် အင်းစိန်မြို့နယ်၊ ရွာသစ်၊ အောင်ဆန်းဈေးအနီး၌ ကုန်တင်တွဲကားတစ်စီးမှာ ဘရိတ်ပေါက်၍ တစ်ဖက်ယာဥ်ကြောမှ မောင်းနှင်လာသည့် ကျောင်းဖယ်ရီကားတစ်စီးနှင့် အိမ်စီးကားနှစ်စီးတို့အား ဝင်တိုက်မိခဲ့ကြောင်း သိရသည်။

“ ကျောင်းကားမောင်းတဲ့သူက ခြေထောက်ညှပ်နေတာလေ၊ တော်တော်လေးထုတ်ရတယ်၊ ကလေးငါးယောက် ထိခိုက်ဒဏ်ရာရတယ်၊ ဆရာဆရာမတွေရောပဲ၊ အားလုံး ၁၇ ယောက်၊ မစိုးရိမ်ရဘူး။ ယာဥ်မောင်းဘဲ ခြေထောက်ဒဏ်ရာနည်းနည်းပြင်းသွားတာ” ဟု ရွှေမေတ္တာအခမဲ့ လူမှုကူညီရေးအသင်းမှ အဖွဲ့ ဝင်တစ်ဦးက ပြောသည်။

အဆိုပါယာဥ်တိုက်မှုတွင် ကျောင်းဖယ်ရီကားပေါ်မှ ကျောင်းသူ၊ ကျောင်းသား ၅ ဦးနှင့် ဆရာ၊ ဆရာမ ၁၁ ဦး၊ ယာဥ်မောင်းတစ်ဦး စုစုပေါင်း ၁၇ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိ ရသည်။

ထိုထိခိုက်ဒဏ်ရာရရှိခဲ့သည့် ကျောင်းသား၊ ကျောင်းသူ ၅ ဦးမှာ အသက် ၁၀ နှစ် မှ ၁၅ နှစ်အတွင်း ကလေးငယ်များဖြစ်ပြီး ဒဏ်ရာရရှိသူအားလုံးကို အင်းစိန်ဆေးရုံသို့ ပို့ဆောင်ပေး ခဲ့ကြောင်း သိရသည်။

ဂျူဂျူး

ဓာတ်ပုံ – Shwe lei

#ယနေ့ခေတ်

တွဲကားဘရိတ်ပေါက်ကာ ကျောင်းဖယ်ရီကားအပါအဝင် ကားလေးစီးတိုက် ၁၇ ဦး ဒဏ်ရာရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.