တေးရေးနိုင်မြန်မာ၏နာရေး ရေဝေးသုဿာန်တွင်ပြုလုပ်

ရန်ကုန်၊ ဖေဖော်ဝါရီ ၉

ယနေ့ ဖေဖော်ဝါရီ ၉ ရက်၊ နေ့လည် ၁ နာရီအချိန်က မြောက်ဥက္ကလာပမြို့နယ်၊ ရေဝေးသုဿာန်တွင် တေးရေးနိုင်မြန်မာ၏ နာရေးကိုပြုလုပ်ခဲ့သည်။

တေးရေးနိုင်မြန်မာသည် ဖေဖော်ဝါရီ ၇ ရက်၊ နံနက် ၈ နာရီကျော်တွင် နှလုံးရောဂါဖြင့် နေအိမ်၌ရုတ်တရက်ကွယ်လွန်သွားခြင်းဖြစ်သည်။

၎င်း၏နာရေးသို့ ၈၈ မျိုးဆက်နိုင်ငံရေးသမားများနှင့် ‌ကဗျာဆရာများ၊ တေးရေးဆရာများ လိုက်ပါပို့ဆောင်ပေးခဲ့ကြသည်။

တေးရေးနိုင်မြန်မာ၏ သီချင်းများအနက် ရှစ်လေးလုံးအရေးတော်ပုံ၏ “ ကမ္ဘာမကြေ” သီချင်းအပါအဝင် တစ်ကိုယ် တော်သုံးရာသီ၊ ဒုံးယိမ်းည၊ ပလက်ဖေါင်းရှိုး၊ ရင်တွင်းမေ၊ ဝါဆို စသည့်သီချင်းများကို ပရိသတ်များကြိုက်နှစ်သက်ခဲ့ကြသည်။

သတင်း/ဓာတ်ပုံ – #စုစု

#ယနေ့ခေတ်

တေးရေးနိုင်မြန်မာ၏နာရေး ရေဝေးသုဿာန်တွင်ပြုလုပ် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.