တောင်/မြောက်လမ်းဆုံရှိ တည်ဆဲနဂါးရုံဘုရား ပြိုကျမှုဖြစ်ပွား

ရန်ကုန်၊ ဩဂုတ် ၂၅

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၌ တည်ဆဲနဂါးရုံဘုရား ပြိုကျမှုဖြစ်ပွားခဲ့ပြီး အမျိုးသား ၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံပရဟိတအသင်းများမှ သိရသည်။

ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၊ (၁၆)ရပ်ကွက်၊ သဲအင်းဂူဘုရားလမ်း၊ တိုးကြောင်ကလေးဘူတာရုံအနီးရှိ ကျောင်းတိုက်ဝန်းတစ်ခုအတွင်း ဩဂုတ်လ ၂၅ ရက်၊ နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်က တည်ဆဲနဂါးရုံဘုရား ပြိုကျမှုဖြစ်ပွားခဲ့ပြီး ဆောက်လုပ်ရေးအလုပ်သမား ၂ ဦး ပိမိခဲ့သဖြင့် ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

“ တစ်ယောက်ကတော့ အစောပိုင်းတည်းက ကယ်ထုတ်နိုင်ခဲ့ပါတယ်၊ ထိခိုက်မိတာ အရမ်းကြီးမရှိဘူး။ နောက်တစ်ယောက်ကတော့ ပိမိနေတာနဲ့ သေချာကယ်ဆယ်ခဲ့ရတယ်။ သူ ကတော့ ဦးခေါင်းထိခိုက်မိသွားတယ်” ဟု ဒေသခံပရဟိတအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ဘုရားပြိုကျကာ ပိမိနေသောအမျိုးသား ၂ ဦးအား မီးသတ်တပ်ဖွဲ့ဝင်များ၊ ဒေသခံပရဟိတအသင်းများနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများက ပူးပေါင်းကူညီကယ်ဆယ်ခဲ့သောကြောင့် မွန်းလွဲ ၁၂ နာရီ ၂၀ မိနစ်ဝန်းကျင်တွင် အသက်ရှင်လျက် အချိန်မီကယ်ထုတ်နိုင်ခဲ့ပြီး ထိခိုက်ဒဏ်ရာရသူများအား မြို့ဦးလုလင်ပရဟိတအသင်းမှ သင်္ဃန်းကျွန်း စံပြဆေးရုံကြီးသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

နေပိုင်ဇော်

ဓာတ်ပုံ – MFSD

#ယနေ့ခေတ်

တောင်/မြောက်လမ်းဆုံရှိ တည်ဆဲနဂါးရုံဘုရား ပြိုကျမှုဖြစ်ပွား အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.