တောင်ဥက္ကလာပရှိ DOMINO ကလပ်အား ရှောင်တခင်ဝင်စစ်ဆေး

ရန်ကုန်၊ အောက်တိုဘာ ၁၃

ရန်ကုန်မြို့၊ တောင်ဥက္ကလာပမြို့နယ်ရှိ DOMINO ကလပ်အား ယမန်နေ့ညက လုံခြုံရေးပူးပေါင်းအဖွဲ့က ရှောင်တခင် ဝင်ရောက်စစ်ဆေးခဲ့ပြီး ကလပ်အား ယာယီပိတ်သိမ်းခဲ့ ကြောင်း လုံခြုံရေးအဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။

ယမန်နေ့ ည ၁၂ နာရီကျော်က တောင်ဥက္ကလာပမြို့နယ်၊ ၈ ရပ်ကွက်၊ စက်မှုဇုန် ၆ လမ်း၊ အမှတ် ၇/ခ တွင် ဖွင့်လှစ်ထားသည့် DOMINO ကလပ်အား လုံခြုံရေးပူးပေါင်းအဖွဲ့က ရှောင်တခင်ဝင်ရောက်၍ ကလပ်အတွင်းရှိနေသူများအား တစ်ဦးခြင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

“ ကလပ်မန်နေဂျာအပါအဝင် တစ်ယောက်ခြင်းကို မူးယစ်ဆေးဝါး လက်ဝယ်ထားခြင်း၊ ရောင်းဝယ်ခြင်းနဲ့ သုံးစွဲခြင်းရှိ၊ မရှိ အဲ့ဒါတွေကို အဓိကဝင်စစ်တာ။” ဟု လုံခြုံရေးအဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ထိုသို့ ရှောင်တခင်ဝင်စစ်ရာတွင် ကလပ်အတွင်း၌ အမျိုးသား ၈၇ ဦး၊ အမျိုးသ မီး ၅၅ ဦး စုစုပေါင်း ၁၄၂ ဦးနှင့် ကလပ်မန်နေဂျာတစ်ဦးတို့အားတွေ့ရှိရပြီး မူးယစ်ဆေးဝါးနှင့် ဆက်စပ်၍ တစ်ဦးခြင်းအား စစ်ဆေးရာ မူးယစ်ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများမတွေ့ရ၍ နံနက် တစ်နာရီခွဲတွင် ပြန်လွှတ်ခဲ့ကြောင်း သိရသည်။

ထို့နောက် အဆိုပါကလပ်မှာ ညမထွက်ရအမိန့်အား ချိုးဖောက်၍ ဖွင့်လှစ်သည်ဆိုကာ ကလပ်မန်နေဂျာဖြစ်သူ အသက် ၄၂ နှစ်အရွယ်အမျိုးသားအား ဖမ်းဆီး၍အမှုဖွင့်ကာ ကလပ် အား ယာယီပိတ်သိမ်းခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အလားတူ ဇွန် ၁၃ ရက်၊ နံနက်အစောပိုင်းက မရမ်းကုန်းမြို့နယ်၊ အမှတ် ၁ ရပ်ကွက်၊ သမိုင်းဘူတာရုံလမ်း၌ ဖွင့်လှစ်ထားသည့် Honey Nest Bar ကို ပူးပေါင်းအဖွဲ့က ဝင်ရောက် စစ်ဆေးပြီးနောက် Bar အတွင်းရှိနေသူ အမျိုးသား ၂၅၁ ဦးနှင့် အမျိုးသမီး ၁၁၈ ဦး၊ စုစုပေါင်း ၃၆၉ ဦးတို့အားဖမ်းဆီး၍ မူးယစ်ဆေးဝါးသုံးစွဲခြင်း ရှိ၊ မရှိစစ်ဆေးပြီးနောက် ပြန် လွှတ်ပေးခဲ့ပြီး ကလပ်မန်နေဂျာကို ဖမ်းဆီးအမှုဖွင့်၍ ဆိုင်အားယာယီပိတ်သိမ်းခဲ့ကြောင်း သိရသည်။

မောင်ဇော်

Photo – DOMINO Lounge

#ယနေ့ခေတ်

တောင်ဥက္ကလာပရှိ DOMINO ကလပ်အား ရှောင်တခင်ဝင်စစ်ဆေး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.