ပရီတိုးရီးယား၊ ဇွန် ၁၅
တောင်အာဖရိကသမ္မတ ခရိုင်ရာမာဖိုဆာသည် တောင်အာဖရိကနိုင်ငံသမ္မတအဖြစ် ပြန်လည်ရွေးချယ်ခံရကြောင်း သိရသည်။
၎င်းသည် အတိုက်ခံပါတီနှင့် စေ့စပ်ဆွေးနွေးကာ သဘောတူညီမှုစာချုပ် ချုပ်ဆိုခဲ့ပြီးနောက် သမ္မတအဖြစ် ပြန်လည်တာဝန်ယူရန် ရွေးချယ်ခံရခြင်းဖြစ်ကြောင်း သိရသည်။
ရာမာဖိုဆာ၏ ANC ပါတီသည် မေလ ၂၉ ရက်နေ့တွင်ကျင်းပခဲ့သော ရွေးကောက်ပွဲတွင် မျှော်လင့်သလောက် ရလဒ်မကောင်းခဲ့သော်လည်း ရာမာဖိုဆာသည် လူဖြူများဦးဆောင်သော Democratic Alliance ပါတီအပြင် အခြားပါတီငယ်များဖြင့် ညွှန်ပေါင်းအစိုးရ ဖွဲ့စည်းနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ANC ပါတီသည် ပြီးခဲ့သောလအတွင်းကကျင်းပခဲ့သော ရွေးကောက်ပွဲတွင် ဆန္ဒမဲပေါင်း ၄၀ ရာခိုင်နှုန်းကျော်သာရရှိခဲ့ပြီး နှစ်ပေါင်း ၃၀ ကျော်အတွင်း ပြိုင်ဘက်များအပေါ် ကြီးမားသောဆုံးရှုံးမှုဖြစ်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အသက် ၇၁ နှစ်အရွယ်ရှိ ရာမာဖိုဆာသည် Democratic Alliance ပါတီအပြင် Inkatha Freedom Party ပါတီ၊ Patriotic Alliance ပါတီတို့နှင့် ညွှန်ပေါင်းအစိုးရဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ရာမာဖိုဆာသည် ၎င်း၏အစိုးရအဖွဲ့အသစ်တွင် ညွှန်ပေါင်းအဖြစ်ဖွဲ့စည်းထားသော DA ပါတီ၊ IFP ပါတီနှင့် PA ပါတီတို့မှ တာဝန်ရှိသူများကို ဝန်ကြီးနေရာများတွင် ခန့်ထားရဖွယ်ရှိနေကြောင်း သိရသည်။
ရာမာဖိုဆာသည် လက်ရှိအချိန်တွင် အသက် ၇၁ နှစ်အရွယ်ရှိနေသော်လည်း ငါးနှစ်သက်တမ်းရှိသမ္မတအဖြစ် ထပ်မံတာဝန်ယူရမည်ဖြစ်သည့်အတွက် သမ္မတာဝန်ပြီးဆုံးချိန်တွင် အသက် ၇၆ နှစ်အရွယ်ရှိမည်ဖြစ်သည်။
ကောင်းထက်ငွေ
alarabiya.net/News
တောင်အာဖရိကသမ္မတ ခရိုင်ရာမာဖိုဆာ သမ္မတအဖြစ်တစ်ကျော့ပြန် တာဝန်ယူမည် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်