ဝါရှင်တန်၊ နိုဝင်ဘာ ၁၈
ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မာကိုစ့်ဂျူနီယာနှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့သည် နိုဝင်ဘာ ၁၈ ရက်နေ့က တောင်တရုတ်ပင်လယ်အတွင်း ပိုင်နက်နယ်မြေ အငြင်းပွားမှုများကြောင့် ဖြစ်လာသော တင်းမာမှုများကို ဖြေလျော့ရန်နှင့် ဖိလစ်ပိုင်ငါးဖမ်းသင်္ဘောများ ငါးဖမ်းခွင့်များအတွက် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
ဖိလစ်ပိုင်သမ္မတနှင့် တရုတ်သမ္မတတို့သည် အမေရိကန်နိုင်ငံတွင် ကျင်းပသော အေပက်ထိပ်သီးအစည်းအဝေးအတွင်း တွေ့ဆုံခဲ့ရာ တောင်တရုတ်ပင်လယ်အတွင်း တင်းမာမှုများ မြင့်တက်နေခြင်းကို ဖြေလျော့ရန် အဓိကထား ဆွေးနွေးခဲ့ခြင်းဖြစ်သည်။
ဖိလစ်ပိုင်နှင့် တရုတ်နိုင်ငံတို့သည် တောင်တရုတ်ပင်လယ်နှင့် ပတ်သက်ပြီး ရေလမ်းကြောင်း၊ ကုန်းလမ်းကြောင်းကို ထိန်းသိမ်းရန်၊ ငြိမ်းချမ်းရေးကို ထိန်းသိမ်းနိုင်မည့် လုပ်ငန်းစဉ် များအတွက် တွေ့ဆုံဆွေးနွေးခဲ့ပြီး အပြန်အလှန် ဆက်သွယ်ဆွေးနွေးမှုများ ထပ်မံလုပ်ဆောင်ရန် လိုအပ်ကြောင်း ဖိလစ်ပိုင်သမ္မတက ပြောသည်။
ဖိလစ်ပိုင်သမ္မတက “ ကျွန်တော်တို့ဟာ တောင်တရုတ်ပင်လယ်အတွင်း အငြင်းပွားမှုများကြောင့်ဖြစ်လာတဲ့ တင်းမာမှုတွေကို ဖြေလျော့နိုင်မယ့် ယန္တရားတစ်ခုဖွဲ့စည်းရေး ကြိုး ပမ်းနေတယ်။” ဟု ပြောဆိုသည်။ သို့သော်လည်း ဖိလစ်ပိုင်သမ္မတသည် အသေးစိတ်အခြေနေများကို ပြောဆိုခဲ့ခြင်းမရှိကြောင်း သိရသည်။
မကြာသေးမိက တောင်တရုတ်ပင်လယ်တွင် တရုတ်သင်္ဘောများနှင့် ဖိလစ်ပိုင်သင်္ဘောများ ထိပ်တိုက်တွေ့ဆုံခဲ့ပြီး တိုက်မိမှုများဖြစ်ပွားခဲ့ရာ ထိုကိစ္စများနှင့် ပတ်သက်ပြီး စိုးရိမ်မှု ဖြစ်ရကြောင်း ဖိလစ်ပိုင်သမ္မတက ပြောသည်။
ဖိလစ်ပိုင်သမ္မတက “ တောင်တရုတ်ပင်လယ်အတွင်း ဖိလစ်ပိုင်ငါးဖမ်းသမားများ ငါးဖမ်းခွင့်နဲ့ပတ်သက်ပြီးလည်း ဆွေးနွေးခဲ့တယ်။” ဟု ပြောသည်။
ဖိလစ်ပိုင် ငါးဖမ်းသမားများက ၎င်းတို့သည် ဖိလစ်ပိုင်အထူးစီးပွားရေးဇုန် အတွင်းတွင် ငါးဖမ်းခဲ့သော်လည်း တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့များ၏ ဟန့်တားနှောက်ယှက်ခြင်းများကို တွေ့ကြုံခဲ့ရကြောင်း မကြာသေးမီက ဖိလစ်ပိုင်အစိုးရထံ တိုင်ကြားခဲ့သည်။
ဖိလစ်ပိုင်သမ္မတက ပထဝီနိုင်ငံရေး တင်းမာမှုပြဿနာများက ဖိလစ်ပိုင်နှင့် တရုတ်နိုင်ငံကြား အပြန်အလှန်ဆက်ဆံရေးကို ထိခိုက်စေအောင် မလုပ်ဆောင်ရန် သဘောတူညီခဲ့ ကြောင်း ပြောသည်။
တောင်တရုတ်ပင်လယ်အတွင်း တင်းမာမှုများကို တရုတ်သမ္မတနှင့် ဖိလစ်ပိုင်သမ္မတို့ တွေ့ဆုံဆွေးနွေး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်