တောင်ကြီး-ကျိုင်းတုံလမ်းတွင် ဆယ့်နှစ်ဘီးယာဥ်တစ်စီးတိမ်းမှောက်၊ တစ်ဦးသေဆုံး

ရန်ကုန်၊ ဒီဇင်ဘာ ၁၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တောင်ကြီး-ကျိုင်းတုံသွားကားလမ်း၊ စပါယ်ရှယ်တောင်အဆင်းတွင် ဒီဇင်ဘာ ၁၁ ရက်၊ နံနက် ၈ နာရီက ဆယ့်နှစ်ဘီးယာဥ်တစ်စီး ဘရိတ်ပေါက်ပြီး လမ်းဘေးသို့ထိုးကျကာ ယာဉ်တိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဘရိတ်​ပေါက်ပြီး လမ်းဘေးသို့ထိုးကျကာ ယာဥ်တိမ်း​မှောက်မှု​ကြောင့် ​​မော်ယာဥ်ပါအမျိုးသားနှစ်ဦးအနက် တစ်ဦးသေဆုံးသွားခဲ့​ကြောင်း သိရသည်။

“ ယာဉ်ပေါ်ပါလာတဲ့ ယာဥ်​မောင်းနဲ့ အတူပါအမျိုးသားနှစ်ဦးထဲက တစ်ဦး​သေဆုံးသွားပါတယ်။ ​​သေဆုံးသူဟာ ​နေရာမှာပဲ ထိခိုက်ဒဏ်ရာပြင်းထန်မှုနဲ့ ​သေဆုံးရခြင်းဖြစ်ပါတယ်။​ နောက်တစ်ဦးက ဒဏ်ရာပြင်းထန်ရရှိခဲ့ပါတယ်။” ဟု တိုင်းနေ နာရေးကူညီမှုအသင်းမှ တာဝန်ရှိသူတစ်ဦးက ယ​နေ့​ခေတ်သို့ ​ပြောသည်။

ယာဉ်တိမ်းမှောက်ခြင်းကြောင့် ​သေဆုံးသူနှင့် ထိခိုက်ဒဏ်ရာရရှိသူတို့ကို  တိုင်းနေ နာရေးကူညီမှုအသင်းယာဥ်ဖြင့် ကျိုင်းတုံပြည်သူ့ဆေးရုံကြီးသို့ ကူညီပို့ဆောင်ပေးခဲ့​ကြောင်း သိ ရသည်။

ထို့အတူ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၁၉ ရက်ကလည်း ကျိုင်းတုံ-တောင်ကြီးလမ်း၊ မိုင်းကာတောင်ကုန်းအဆင်း၌ ခရီးသည်ယာဥ်တစ်စီး ချောက်အတွင်းသို့ ထိုးကျတိမ်း​​မှောက်ပြီး ခရီး သည်နှစ်ဦး သေဆုံးသွားခဲ့သေး​ကြောင်း သိရသည်။ 

#မြင့်မြတ်​အောင်မြင်

ဓာတ်ပုံ – တိုင်းနေနာရေးကူညီမှုအသင်း

#ယနေ့ခေတ်

တောင်ကြီး-ကျိုင်းတုံလမ်းတွင် ဆယ့်နှစ်ဘီးယာဥ်တစ်စီးတိမ်းမှောက်၊ တစ်ဦးသေဆုံး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.