ရန်ကုန်၊ နိုဝင်ဘာ ၂၀
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ရှိ ဖာမွန်းပန်းခြံ စစ်ဘေးရှောင်စခန်းအပါအဝင် စစ်ဘေးရှောင်စခန်းများတွင် စစ်ဘေးဒုက္ခသည် ၁၀၀၀ အတွက် အရေးပေါ်အကူအညီလိုအပ်နေကြောင်း စစ်ဘေးရှာင်များကို ကူညီပေးနေသည့် အဖွဲ့အစည်းများထံမှ သိရသည်။
အဆိုပါ စစ်ဘေးရှောင် ၁၀၀၀ ကျော်သည် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လာရှိုးမြို့မှစစ်ဘေးရှောင်ရန် ရောက်ရှိနေသူများဖြစ်ပြီး လတ်တလောအနေဖြင့် စစ်ရှောင်စခန်းတွင် စောင်၊ ခြင်ထောင်၊ အနွေထည်နှင့် ရာသီတုတ်ကွေးကာကွယ်ဆေး စသည်တို့အပြင် စာနပ်ရိက္ခာများပါ အကူအညီလိုအပ်နေကြောင်း စစ်ဘေးရှောင်များကို ကူညီပေးနေသူတစ်ဦးက ပြော သည်။
“ စစ်ရှောင်နေရတဲ့ကာလက ကြာလာတော့ လိုအပ်ချက်များနေတာ။ စားနပ်ရိက္ခာလည်းလိုနေတယ်။ လက်ရှိကတော့ ရှိတာလေးနဲ့ ဖြေရှင်းနေကြတယ်လေ။ ဆောင်းကာလဆိုတော့ ရာသီဥတုကိုကာကွယ်ဖို့ အဓိကလိုအပ်နေတာ။” ဟု ၎င်းကဆက်ပြောသည်။
အဆိုပါ ဖာမွန်းပန်းခြံ စစ်ရှောင်စခန်းကို စစ်ဘေးရှောင်များ ထပ်တိုးရောက်ရှိလာပြီး စစ်ဘေးရှောင်များနေထိုင်ရန် နေရာထိုင်ခင်း အဆောက်အအုံဆောက်လုပ်ရန်အတွက်နှင့် အ ဝတ်အထည်များလိုအပ်နေကြောင်း သိရသည်။
#ခန့်ခန့်
ဓာတ်ပုံ- KK
#ယနေ့ခေတ်
တောင်ကြီးမြို့ရှိ စစ်ဘေးရှောင်များ အရေးပေါ်အကူအညီလိုအပ်နေ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်