တောင်ကုတ်တွင် စစ်ဘေးရှောင် ၂၀,၀၀၀ ကျော် စားနပ်ရိက္ခာအရေးပေါ်လိုအပ်နေ

ရန်ကုန်၊ ဒီဇင်ဘာ ၅

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်တွင် နစကတပ်နှင့် AA တို့၏တိုက်ပွဲများကြာင့် အိုးအိမ်စွန့်ခွာထွက်ပြေးနေရသည့် စစ်ဘေးဒုက္ခသည် ၂၀,၀၀၀ ကျော် စားဝတ်နေရေးခက်ခဲနေပြီး အရေးပေါ်အကူအညီများလိုအပ်နေကြောင်း သိရသည်။

စစ်ဘေးရှောင်များသည် တိုက်ပွဲများကြားမှ ထွက်ပြေးလာရခြင်းကြောင့် စားနပ်ရိက္ခာ၊ အဝတ်အထည်နှင့် အခြားအသုံးအဆောင်ပစ္စည်းများမပါခဲ့သဖြင့် အကူအညီများလိုအပ်နေကြကြောင်း ရခိုင်ပြည်နယ်တွင် စစ်ဘေးဒုက္ခသည်အရေး ကူညီပေးနေသူတစ်ဦးက ပြောသည်။

“လက်ရှိ ဒုက္ခသည် ၂၀,၀၀၀ လောက် အခက်အခဲဖြစ်နေပါတယ်။ ဒါက တောင်ကုတ်မြို့နယ်ဘက်မှာ။ စစ်ရေးနဲ့ အခြားအကန့်အသတ်တွေကြောင့် လမ်းကြောင်းတွေပိတ်ထားလို့ အကူအညီတွေမလာကြဘူး။ အခုဆောင်းရာသီဆိုတော့ ရိက္ခာအပြင် အနွေးထည်တွေ၊ စောင်တွေလိုအပ်နေတာ။” ဟု ၎င်းကဆက်ပြောသည်။

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်တွင် နိုဝင်ဘာလ ပထမအပတ်ကတည်းက နစကတပ်နှင့်  AA တို့ တိုက်ပွဲပြင်းထန်နေကြောင်း လက်ရှိအချိန်အထိ ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ ဖြတ်တောက်ခံထားရကြောင်း သိရသည်။

#ခန့်ခန့်

ဓာတ်ပုံ – CJ

#ယနေ့ခေတ်

တောင်ကုတ်တွင် စစ်ဘေးရှောင် ၂၀,၀၀၀ ကျော် စားနပ်ရိက္ခာအရေးပေါ်လိုအပ်နေ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.