တောင်ကိုရီးယား ယာယီသမ္မတကို လွှတ်တော်အတွင်း စွပ်စွဲပြစ်တင်မည်ဟု အတိုက်အခံပါတီ ဆို

ဆိုးလ်၊ ဒီဇင်ဘာ ၂၆

တောင်ကိုရီးယားအတိုက်အခံပါတီသည် သမ္မတယွန်ဆက်ယိုလ်ကို စွပ်စွဲပြစ်တင်ခဲ့ပြီးနောက် ရက်ပိုင်းအကြာတွင် ယာယီသမ္မတအဖြစ်တာဝန်ယူနေသော ဟန်ဒက်ဆိုကို လွှတ် တော်အတွင်း ထပ်မံစွပ်စွဲပြစ်တင်ရန် စီစဉ်နေကြောင်း သိရသည်။

တောင်ကိုရီးယား အတိုက်အခံပါတီသည် ယွန်ဆက်ယိုလ်ကို စွပ်စွဲပြစ်တင်ခဲ့ပြီးနောက် ဝန်ကြီးချုပ်အဖြစ် တာဝန်ယူနေသော ဟန်ဒက်ဆိုကို စွပ်စွဲပြစ်တင်ခဲ့ခြင်းမရှိခဲ့သော်လည်း လက်ရှိအချိန်တွင် တောင်ကိုရီးယား အတိုက်အခံပါတီနှင့် ယာယီသမ္မတကြား အငြင်းပွားမှုများဖြစ်လာခဲ့ပြီးနောက် စွပ်စွဲပြစ်တင်ရန် ကြိုးပမ်းလာခြင်းဖြစ်သည်။

ဟန်ဒက်ဆိုသည် တောင်ကိုရီးယားသမ္မတ ယွန်ဆက်ယိုလ် စွပ်စွဲပြစ်တင်ခံရပြီးနောက် ရာထူးမှဆိုင်းငံ့ခံလိုက်ရချိန်တွင် ယာယီသမ္မတအဖြစ် တာဝန်ယူခဲ့ခြင်းဖြစ်သည်။

ဟန်ဒက်ဆိုသည် သမ္မတယွန်ဆက်ယိုလ်ကို ရာထူးမှဖယ်ရှားရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံး တရားသူကြီးများခန့်အပ်ရန် ငြင်းဆန်ခဲ့ပြီးနောက် အတိုက်အခံပါတီနှင့် အငြင်း ပွားမှုဖြစ်လာခဲ့ခြင်းဖြစ်သည်။

အတိုက်အခံပါတီဖြစ်သည့် ဒီမိုကရက်တစ်ပါတီ ခေါင်းဆောင်တစ်ဦးက “ ကျွန်တော်တို့ဟာ ယာယီသမ္မတကို လွတ်တော်အတွင်း စွပ်စွဲပြစ်တင်ဖို့ ကြိုးပမ်းမယ်။ ဆန္ဒမဲပေးနိုင်အောင် ရက်ပိုင်းအတွင်း ပြင်ဆင်မယ်။” ဟု ပြောသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးတွင်ပါဝင်မည့် တရားသူကြီး ၉ ဦးကိုခန့်အပ်ရန် ဟန်ဒက်ဆို၏ငြင်းပယ်မှုသည် ဖွဲ့စည်းပုံအခြေခံဥပဒေကို ထိန်းသိမ်းရန်ဆန္ဒမရှိကြောင်း ပေါ်လွင်နေသည်ဟု အတိုက်အခံပါတီက ပြစ်တင်ထားသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးတွင် တရားသူကြီး ၉ ဦးရှိရမည်ဖြစ်ပြီး၊ လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံး တရားသူကြီးခြောက်ဦးနှင့် ယွန်ဆက်ယိုလ်အမှုကို စစ်ဆေးဆုံးဖြတ်မည်ဆိုလျှင် တရားသူကြီးခြောက်ဦးစလုံး သဘောတူညီရန်လိုအပ်ကြောင်း သိရသည်။

ကောင်းထက်ငွေ

channelnewsasia.com

တောင်ကိုရီးယား ယာယီသမ္မတကို လွှတ်တော်အတွင်း စွပ်စွဲပြစ်တင်မည်ဟု အတိုက်အခံပါတီ ဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.