ဆိုးလ်၊ ဒီဇင်ဘာ ၅
တောင်ကိုရီးယားအာဏာရပါတီက သမ္မတယွန်ဆက်ယိုလ်ကို လွှတ်တော်အတွင်း စွပ်စွဲပြစ်တင်ရန် ကြိုးပမ်းမှုများကို တားဆီးပိတ်ပင်ရန် ဆန္ဒရှိသော်လည်း ပါတီမှထွက်ရန်တောင်းဆိုလိုက်ကြောင်း သိရသည်။
တောင်ကိုရီးယားသမ္မတ ယွန်ဆက်ယိုလ်သည် ပြီးခဲ့သောရက်ပိုင်းက စစ်အုပ်ချုပ်ရေးဥပဒေ ထုတ်ပြန်ခဲ့ပြီးနောက်ပိုင်း တောင်ကိုရီးယားအတိုက်ခံပါတီများနှင့် အငြင်းပွားမှုများပိုမိုဖြစ်လာခဲ့ကြောင်း သိရသည်။
တောင်ကိုရီးယားအာဏာရပါတီ ခေါင်းဆောင်ဖြစ်သော Han Dong-hoon က “ ကျွန်တော်တို့ သမ္မတကို ပါတီကနေထွက်ဖို့ တောင်းဆိုထားပါတယ်။ တောင်ကိုရီးယားသမ္မတရဲ့ စစ်အုပ်ချုပ်ရေးဥပဒေထုတ်ပြန်မှုနဲ့ပတ်သက်ပြီး ကာကွယ်ပေးဖို့ ကြိုးပမ်းမှာမဟုတ်ဘူး။ ဒါပေမယ့် သမ္မတယွန်ဆက်ယိုလ်ကို လွှတ်တော်အတွင်း စွပ်စွဲပြစ်တင်ဖို့ အတိုက်ခံပါတီတွေရဲ့ လွှတ်တော်အမတ်တွေက ကြိုးပမ်းနေတာတွေကို အနိုင်ရအောင် အာဏာရပါတီရဲ့အမတ်တွေ စုစည်းညီညွှတ်ဖို့ တောင်းဆိုထားတယ်။” ဟု ပြောသည်။
တောင်ကိုရီးယားအတိုက်ခံပါတီ ၈ ခုမှ လွှတ်တော်ကိုယ်စားလှယ်များသည် သမ္မတယွန်ဆက်ယိုလ်ကို စွပ်စွဲပြစ်တင်မည့်ဥပဒေမူကြမ်းကို ဆန္ဒမဲပေးရန်လိုအပ်ကြောင်း သိရသည်။
အတိုက်ခံပါတီ ၈ ခုမှအမတ်များက သမ္မတယွန်ဆက်ယိုလ်ကို စွပ်စွဲပြစ်တင်မည့် ဥပဒေမူကြမ်းကို လက်ခံလိုက်မည်ဆိုလျှင် ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက သမ္မတယွန်ဆက်ယိုလ်၏အမှုကို စစ်ဆေးမည်ဖြစ်ကာ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံး တရားသူကြီးများကလည်း ယွန်ဆက်ယိုလ်အပြစ်ရှိကြောင်းတွေ့ရှိမည်ဆိုလျှင် ရွေးကောက်ပွဲအသစ်ကို ရက်ပေါင်း ၆၀ အတွင်း ကျင်းပမည်ဖြစ်သည်။
စစ်ဥဒေထုတ်ပြန်ရေးနှင့်ပတ်သက်ပြီး အဓိကတာဝန်ရှိသူများဖြစ်သော ကွယ်ရေးဝန်ကြီးက နုတ်ထွက်ခဲ့သော်လည်း ပြည်ထဲရေးဝန်ကြီးက ရာထူးတွင်ဆက်ရှိနေဆဲဖြစ်သည်။
တောင်ကိုရီးယားရဲတပ်ဖွဲ့ကလည်း စစ်ဥပဒေထုတ်ပြန်ခဲ့သော သမ္မတယွန်ဆက်ယိုလ်၏ လုပ်ရပ်များကို စုံစမ်းစစ်ဆေးရန်စီစဉ်နေကြောင်း သိရသည်။
ကောင်းထက်ငွေ
straitstimes.com
တောင်ကိုရီးယားသမ္မတကို ပါတီမှထွက်ရန် အာဏာရပါတီ တောင်းဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်