ဘေဂျင်း၊ ဇန်နဝါရီ ၁၂
တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်ပေးမှုများအရ မြန်မာတပ်မတော်ကိုယ်စားလှယ်များနှင့် မြန်မာနိုင်ငံ မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့ သုံးဖွဲ့ကြား ချက်ချင်းအပစ်ခတ်ရပ်စဲရန် သဘော တူညီမှုရရှိခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မာအိုနင်က ထုတ်ဖော်ပြောဆိုလိုက်သည်။
မာအိုနင်က “ ဇန်နဝါရီ ၁၀ ရက်နေ့ကနေ ၁၂ ရက်နေ့အထိ မြန်မာတပ်မတော် ကိုယ်စားလှယ်တွေနဲ့ ကိုးကန့်လက်နက်ကိုင်အဖွဲ့၊ တအောင်းလက်နက်ကိုင်အဖွဲ့ နဲ့ ရခိုင်လက်နက်ကိုင် အဖွဲ့ ကိုယ်စားလှယ်တွေဟာ တရုတ်နိုင်ငံမှာ တွေ့ဆုံဆွေးနွေးခဲ့တယ်။ အဲဒီလိုတွေ့ဆုံဆွေနွေးချိန်မှာ တရားဝင်အပစ်ခတ်ရပ်စဲရေးရရှိခဲ့တယ်။ မြန်မာတပ်မတော် ကိုယ်စားလှယ်တွေ နဲ့ မြန်မာနိုင်ငံ မြောက်ပိုင်းတိုင်းရင်းသားလက်နက်အဖွဲ့သုံးဖွဲ့ ကိုယ်စားလှယ်တွေဟာ ချက်ချင်းအပစ်ခတ်ရပ်စဲဖို့၊ ရန်လိုမှုတွေအဆုံးသတ်ဖို့၊ အငြင်းပွားမှုတွေကို တွေ့ဆုံဆွေးနွေးမှု တွေကတဆင့် ငြိမ်းချမ်းစွာ ဆွေးနွေးဖြေရှင်းဖို့ သဘောတူညီခဲ့တယ်။ ဒါ့အပြင် နှစ်ဖက်စလုံးဟာ နယ်စပ်ဒေသမှာ နေထိုင်နေသူတွေအပြင် မြန်မာနိုင်ငံရှိ တရုတ်နိုင်ငံရဲ့ စီမံကိန်းတွေ နဲ့ တရုတ်နိုင်ငံသားတွေ ဘေးကင်းရေးအတွက် လုပ်ဆောင်ပေးဖို့ ကတိပြုခဲ့တယ်။ တပ်မတော် ကိုယ်စားလှယ်တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်သုံးဖွဲ့ ကိုယ်စားလှယ်တွေဟာ အ ပပ်ခတ်ရပ်စဲရေး အစီအစဉ်တွေအပြင် အခြားကိစ္စတွေကိုလည်း တိုင်ပင်ဆွေးနွေးသွားဖို့လည်း ကတိပြုခဲ့ကြပါတယ်။” ဟု ဇန်နဝါရီ ၁၂ ရက်နေ့ကပြုလုပ်သော ပုံမှန်သတင်းစာရှင်း လင်းပွဲတွင် ထည့်သွင်းပြောဆိုခဲ့သည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မာနင်အိုက အပစ်ခတ်ရပ်စဲရေးရယူနိုင်ခြင်းနှင့် ငြိမ်းချမ်းရေးဆွေးနွေးနိုင်ခြင်းသည် မြန်မာနိုင်ငံရှိ အဖွဲ့စည်းအားလုံးနှင့် ပတ် သက်သော အကျိုးစီးပွားကို လုပ်ဆောင်နိုင်ခြင်းဖြစ်သလို တရုတ်နှင့် မြန်မာနိုင်ငံနယ်စပ်ဒေသ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးတို့ကိုလည်း ထိန်းသိမ်းရန်အတွက် ကူညီပေးနိုင်မည် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံမြောက်ပိုင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့်ပတ်သက်ပြီး အပြုသဘောဆောင်သောအခန်းကဏ္ဍမှ ပါဝင်မည်ဖြစ်သလို လိုအပ်သော ကူညီပေးမှုများကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောသည်။
မြန်မာနိုင်ငံမြောက်ပိုင်းတွင် ပြီးခဲ့သောအောက်တိုဘာ ၂၇ ရက်နေ့ကတည်းက တအောင်းလက်နက်ကိုင်အဖွဲ့၊ ရခိုင်လက်နက်ကိုင်အဖွဲ့ နှင့် ကိုးကန့်လက်နက်ကိုင်အဖွဲ့များသည် မြန်မာ့ တပ်မတော်စခန်းများကို စတင်တိုက်ခိုက်ခဲ့ပြီးနောက် ရှမ်းပြည်နယ်အပါအဝင် မြန်မာနိုင်ငံရှိ နေရာအများအပြားတွင် တိုက်ပွဲအရှိန်မြင့်တက်လာခဲ့ပြီး တရုတ်နိုင်ငံက ကြားဝင်စေ့စပ် ပေးနေကြောင်း သိရသည်။
ကောင်းထက်ငွေ
mp.weixin.qq.com
ယနေ့ခေတ်
တိုင်းရင်းသားလက်နက်ကိုင်သုံးဖွဲ့ နှင့် မြန်မာတပ်မတော်ကြား အပစ်ခတ်ရပ်စဲရန် သဘောတူညီမှုရခဲ့ကြောင်း တရုတ်အစိုးရ ထုတ်ဖော်ပြောဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်