တိုင်းဒေသကြီး ၆ ခုကို အရေးပေါ်အခြေအနေထုတ်ပြန်

ရန်ကုန်၊ မတ် ၂၈

သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေအရ တိုင်းဒေသကြီး ၆ ခုကို အရေးပေါ်အခြေအနေထုတ်ပြန်ထားကြောင်း နစကသတင်းထုတိပြန်ရေးအဖွဲ့က သတင်းထုတ်ပြန်သည်။

မတ် ၂၈ ရက်၊ ဒေသစံတော်ချိန်မွန်းလွဲ ၁၂ နာရီ ၅၁ မိနစ် ၀၂ စက္ကန့်အချိန်တွင် မန္တလေးမြေငလျင်စခန်းမှ အရှေ့ မြောက်ဘက် ၂၁ ကီလိုမီတာခန့်ကွာဝေးသော မန္တလေးမြို့၏ အရှေ့ မြောက်ဘက် ၂၀ ကီလိုမီတာခန့်အကွာ၊ မြောက်လတ္တီတွဒ် ၂၂ ဒသမ ၀၉ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၆ ဒသမ ၂၃ ဒီဂရီ၊ အနက် ၁၀ ကီလိုမီတာကိုဗဟိုပြု၍ အင်အားရစ်(ခ်)တာစ ကေး ၇ ဒသမ ၇ အဆင့်ရှိ အင်အားအလွန်ပြင်းထန်သော မြေငလျင်တစ်ခု လှုပ်ရှားသွားခဲ့သည်။

ယင်းနောက် နောက်ဆက်တွဲငလျင်ငယ် ၃ ခုခန့် ထပ်မံလှုပ်ရှားခဲ့ကြောင်း သက်ဆိုင်ရာမှထုတ်ပြန်ချက်များအရ သိရသည်။

အဆိုပါပြင်းထန်သည့်ငလျင်လှုပ်ခတ်မှုကြောင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်အရှေ့မြောက်ဒေသ၊ နေပြည်တော်ကောင် စီနယ်မြေ၊ ပဲခူးတိုင်းဒေသကြီးတို့ရှိ ငလျင်ဒဏ်သင့်သည့်နေရာများကို အရေးပေါ်အခြေအနေအဖြစ် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီက ကြေညာ လိုက်သည်။

နိုင်ငံတော်အစိုးရအနေဖြင့် အဆိုပါဒေသများ၌ ပျက်စီးဆုံးရှုံးမှုများအား အလျင်အမြန်စုံစမ်းစစ်ဆေးခြင်း၊ ကူညီကယ်ဆယ်ရေးလုပ်ငန်းများအား ဆောလျင်စွာဆောင်ရွက်ခြင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်သည်။ ထို့ပြင် လိုအပ်သည့်သဘာဝဘေးအန္တရာယ် ကူညီကယ်ဆယ်ရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများရရှိစေရေးအတွက်လည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အဆိုပါထုတ်ပြန်ချက်အရ သိရသည်။

အချိန်မီရရှိလာသောသတင်းများအား သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီက အချိန်နှင့်တစ်ပြေးညီ ထပ်မံထုတ်ပြန်ပေးသွားမည်ဖြစ်ပြီး ပြည်သူလူထုအနေဖြင့် ဖြစ်ပေါ်လာနိုင်သည့် ကောလဟလများအပေါ် သတိထားဆင်ခြင်နိုင်ရန်နှင့် သဘာဝဘေးအန္တရာယ် ကူညီကယ်ဆယ်ရေးလုပ်ငန်းစဉ်များတွင် နိုင်ငံတော်အစိုးရ၊ ဒေသဆိုင်ရာအာဏာပိုင်များနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာကတိုက်တွန်းထားသည်။

#စုစု

ဓာတ်ပုံ- Channel News Asia

ပုံစာ- ငလျင်ဒဏ်ခံစားခဲ့ရသည့် နေပြည်တော်မှပုံရိပ်များ

#ယနေ့ခေတ်

တိုင်းဒေသကြီး ၆ ခုကို အရေးပေါ်အခြေအနေထုတ်ပြန် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.