ရန်ကုန်၊ ဒီဇင်ဘာ ၄
လက်ရှိဖြစ်ပွားနေသည့် ချင်းပြည်နယ်တွင်း တိုက်ပွဲများကြောင့် အိန္ဒိယ-မြန်မာ နယ်စပ်ကုန်သွယ်ရေး ရပ်တန့်နေကြောင်း ကုန်သည်များ၏ ပြောပြချက်အရ သိရသည်။
စစ်ကိုင်းနှင့် အိန္ဒိယဘက်ခြမ်း မဏိပူရပြည်နယ်ကြားရှိ တမူးနယ်စပ်စခန်းသည် နှစ်နိုင်ငံကုန်သွယ်ရေးသာမက လူဝင်/လူထွက်အရေးပါသောဂိတ်ဖြစ်ကာ ကိုဗစ်ကာလမတိုင်ခင် နှစ်စဉ်အမေရိကန်ဒေါ်လာသန်း ၉၀ ကျော်ရရှိနေသည့်ဂိတ်ဖြစ်ကြောင်း၊ ယခုအခါ ကုန်သွယ်မှုမရှိသလောက်ဖြစ်သွားကြောင်း သိရသည်။
“ အခုက ကုန်သွယ်မှုက လုံးဝမရှိသလောက်ဖြစ်သွားပြီ။ ရပ်တန့်နေတဲ့သဘောပေါ့။ ကိုဗစ်ကာလနောက်ပိုင်း ကုန်သွယ်မှုက လျော့ကျသွားတာရှိသလို နိုင်ငံရေးအပြောင်းအလဲတွေ ကြောင့်လည်း ကုန်သွယ်မှုက ကျဆင်းနေတာ။ အခုတော့ လုံးဝမရှိသလောက်ပေါ့။” ဟု တမူးနယ်စပ်ကုန်သည်တစ်ဦးက ပြောသည်။
ယခုအခါ အိန္ဒိယ-မြန်မာနှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများကို တမူး၊ ရိဒ်နယ်စပ်ဂိတ်များမှတဆင့် တရားဝင်ပြုလုပ်ခြင်းဖြစ်သည်။
သို့သော် ရိဒ်နယ်စပ်ကုန်သွယ်ရေးစခန်းသည် နိုင်ငံရေးအပြောင်းအလဲများကြောင့် ကုန်သွယ်မှုမရှိတော့ကြောင်း သိရသည်။
မြန်မာ-အိန္ဒိယနယ်စပ် တမူးနယ်စပ်ကုန်သွယ်ရေးစခန်းမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာ နှစ်၏ ဧပြီ ၁ ရက်မှ နိုဝင်ဘာ ၂၄ ရက်အထိ အမေရိကန်ဒေါ်လာ ၂ ဒသမ ၈၇၉ သန်း ကုန်သွယ်မှုပြု လုပ်ထားပြီး၊ ယခု ၂၀၂၃ -၂၀၂၄ တွင် ကန်ဒေါ်လာ ၂ ဒသ မ ၅၉ သန်းသာရှိပြီး၊ ကာလတူနှိုင်းယှဉ်ပါက ဒေါ်လာ ၈ ဒသမ ၂၈၉ သန်း လျော့ ကျနေကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၏ ကုန်သွယ်မှုစာရင်းအချက်အလက်များအရ သိရသည်။
ဓာတ်ပုံ – အင်တာနက်
တိုက်ပွဲများကြောင့် အိန္ဒိယ-မြန်မာ နယ်စပ်ကုန်သွယ်ရေး ရပ်တန့်နေ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်