တာမွေမြို့နယ် သီတာလမ်းထိပ်၌ ဆန္ဒပြလူငယ်နှစ်ဦး ပစ်ခတ်ခံရ၍သေဆုံး ဟုဆို

ရန်ကုန်၊ ဒီဇင်ဘာ ၉

ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ သီတာလမ်းထိပ်၌ ယမန်နေ့ ညနေက ဆန္ဒပြရန်လုပ်ဆောင်နေသည့် လူငယ်နှစ်ဦး ပစ်ခတ်ခံရ၍ သေဆုံးခဲ့ကြောင်း အနီးရှိ ရပ်ကွက်အတွင်း နေထိုင် သူများထံမှ သိရသည်။

ယမန်နေ့ ညနေ ၆ နာရီကျော်က လူငယ်တစ်စုသည် ဗညားဒလလမ်းနှင့် သီတာလမ်းထိပ်၌ တာယာကွင်းကိုမီးရှို့ကာ ဆန္ဒပြနေစဉ် လုံခြုံရေးတပ်ဖွဲ့များ ရောက်ရှိလာကာ ပစ်ခတ်ဖမ်း ဆီးခဲ့၍ နှစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။

“ သူတို့က ကားလမ်းပေါ်မှာ တာယာကွင်းကိုမီးရှို့ပြီး ထွက်အပြေးမှာ အရပ်ဝတ်၊ ဝတ်ထားပြီး သေနတ်ကိုင်ထားတဲ့အဖွဲ့က လိုက်ဖမ်းတာ။ ပစ်ခတ်ပြီးဖမ်းတော့ လူငယ်ထဲက ပထမ တစ်ဦး လမ်းပေါ်လဲကျသွားတယ်။ နောက်ထပ်လိုက်ဖမ်းတော့ လူငယ်တစ်ဦးကို ကျည်ထပ်ထိတယ်။ အဖမ်းခံရတဲ့သူတွေရှိတယ်လည်း ကြားတယ်။ ဘယ်ကိုဖမ်းခေါ်သွားလဲတော့ မသိဘူး။ ပစ်ခတ်မှုဖြစ်တော့ အနီးကလူတွေလည်း အကုန်ထွက်ပြေးလိုက်ရတယ်။” ဟု ရပ်ကွက်အတွင်းနေထိုင်သူတစ်ဦးက ပြောသည်။

လုံခြုံရေးအဖွဲ့နှင့် နီးစပ်သူများက တယ်လီဂရန်ချန်နယ်များတွင် ရေးသားရာတွင် တာမွေမြို့နယ်၊ သီတာလမ်းထိပ်၌ တာယာကွင်းမီးရှို့၍ ဆန္ဒပြသူများအနက် နှစ်ဦးအား ပစ်ခတ် ဖမ်းဆီး၍ သေဆုံးခဲ့ပြီး၊ ကျန်နှစ်ဦးအားဖမ်းမိကာ စစ်ဆေးလျက်ရှိနေကြောင်းဟု တွေ့ရသည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၅ ရက်ကလည်း ကြည့်မြင်တိုင်မြို့နယ်၊ ပန်းပင်ကြီးလမ်း၌ ဆန္ဒပြနေသူလူအုပ်အား ကားဖြင့်တိုက်ကာ ဖမ်းဆီးခဲ့၍ လူထိခိုက်သေဆုံးမှုဖြစ်ပွားခဲ့ ကြောင်း သိရသည်။

#မောင်ဇော်

ဓာတ်ပုံ – စီဂျေ

#ယနေ့ခေတ်

တာမွေမြို့နယ် သီတာလမ်းထိပ်၌ ဆန္ဒပြလူငယ်နှစ်ဦး ပစ်ခတ်ခံရ၍သေဆုံး ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.