ရန်ကုန်၊ အောက်တိုဘာ ၂၆
ရန်ကုန်တိုင်း၊ တာမွေမြို့နယ်၊ ပုဏ္ဏားကုန်းရပ်ကွက်၊ ကျိုက္ကဆံလမ်းရှိ United Living Mall တွင် အောက်တိုဘာ ၂၅ ရက်၊ ည ၁၀ နာရီ ၅၅ မိနစ်က ခါးပိုက်နှိုက်နှစ်ဦးအား ပြည်သူ များက ဝိုင်းဝန်းဖမ်းဆီးခဲ့ပြီး တစ်ဦးမှာ ခေါင်းကွဲဒဏ်ရာရရှိခဲ့ကြောင်း မြန်မာမွတ်စလင်မ်ပရဟိတအဖွဲ့၏ တာဝန်ခံတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
“ ခါးပိုက်နှိုက်တာက နှစ်ယောက်ပေါ့။ United Living Mall မှာဖြစ်တာ။ တစ်ယောက်ကတော့ ဝိုင်းဖမ်းလို့ ဒဏ်ရာရတာရှိတယ်။ ဦးခေါင်းကွဲဒဏ်ရာရသူတစ်ဦးကို သင်္ဃကျွန်းမြို့ နယ်၊ စံပြဆေးရုံကို အသွား/အပြန် ကူညီပို့ဆောင်ပေးခဲ့ပါတယ်။” ဟု မြန်မာမွတ်စလင်မ်ပရဟိတအဖွဲ့၏ တာဝန်ခံတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
အဆိုပါ ခါးပိုက်နှိုက်မှုဖြစ်စဉ်တွင် ပြစ်မှုကျူးလွန်သူ အမျိုးသားနှစ်ဦးအနက် တစ်ဦးမှာ ခေါင်းကွဲဒဏ်ရာရရှိခဲ့ပြီး တာမွေမြို့မရဲစခန်းက တရားခံနှစ်ဦးအား ပြစ်မှုဥပဒေပုဒ်မ ၃၇၉ ဖြင့် အမှုအရေးယူနိုင်ရေးအတွက် ဆက်လက်ဆောင် ရွက်သွားမည်ဖြစ်ကြောင်း တာမွေမြို့မရဲစခန်းက တာဝန်ရှိသူတစ်ဦးထံက သိရသည်။
မြင့်မြတ်အောင်မြင်
တာမွေမြို့နယ်ရှိ United Living Mall တွင် ခါးပိုက်နှိုက်နှစ်ဦးအား ပြည်သူများ ဝိုင်းဝန်းဖမ်းဆီး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်