ရန်ကုန်၊ ဇန်နဝါရီ ၆
ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၊ ၁၅၆ လမ်းတွင် နေအိမ်အတွင်းရှိ အမျိုးသမီးနှစ်ဦးထံမှ ရွေထည်ပစ္စည်းများ လုယက်ခံရပြီး ဒဏ်ရာများရရှိကြောင်း သိရသည်။
ယမန်နေ့ နေ့လည် ၁ နာရီခွဲ့ခန့်က တာမွေမြို့နယ်၊ တာမွေကြီး က+ဂ ရပ်ကွက်၊ ၁၅၆ လမ်းရှိ၊ မြေညီတိုက်ခန်းတွင်နေထိုင်သည့် အမျိုးသမီးနှစ်ဦးထံမှ ရွေထည်ပစ္စည်းများ လုယက် ခံရပြီး၊ အဆိုပါအမျိုးသမီးနှစ်ဦးမှာ ပြင်းထန်ဒဏ်ရာများ ရရှိခဲ့ကြောင်း ဒေသခံလူမှုကူညီရေးအသင်းမှ အသင်းဝင်တစ်ဦး၏ ပြောကြားချက်အရ သိရသည်။
“ဒီနေ့ နေ့လည် ၁ နာရီခွဲလောက်ကဖြစ်တာပါ။ ၁၆၅ လမ်း၊ မြေညီမှာ လျှပ်စစ်မီးဆိုင်လေးဖွင့်ထားတာ။ အဲ့မှာက သားမိနှစ်ယောက်ရှိတယ်။ တစ်ယောက်က ဘုရားရှစ်ခိုးနေတာ။ အဲ့ဒါကို သနပ်ခါးလိမ်းတဲ့ကျောက်ပြင်နဲ့ လုတဲ့သူက အနောက်ကနေ ခေါင်းကိုထုလိုက်တာ။ သမံတလင်းနဲ့လည်း မျက်နာကိုဆောင့်တယ်။ ဒဏ်ရာတွေကတော့ ပြင်းတယ်။” ဟု ဒေသခံလူမှုကူညီရေးအသင်းမှ အသင်းဝင်တစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
အဆိုပါလုယက်မှုတွင် ရွှေလေးကျပ်သားခန့် လုယက်ခံခဲ့ရကြောင်း သိရသည်။
“သားအမိနှစ်ဦးမှာ သမီးဖြစ်သူက ဒဏ်ရာပိုပြင်းတယ်။ အမေက အသက် ၆၀ လောက်ရှိမယ်။ သမီးဖြစ်သူ ၄၀ လောက်။ ရွှေကလည်း ဆွဲကြိုး၊ လက်ကောက်နဲ့ လက်စွပ် ပါသွား တယ်လို့ သိရတယ်။ သူတို့က ဒဏ်ရာတွေနဲ့ဆိုတော့ သေချာစကားမပြောနိုင်ဘူး။ သူတို့မိသားစုတွေလည်း သိရပါပြီ။ လုသွားတဲ့သူကိုတော့ မမိလိုက်ဘူး။” ဟု ဒေသခံလူမှုကူညီရေး အသင်းမှ အသင်းဝင်တစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
လုယက်ခံရမှုတွင် ဒဏ်ရာရရှိသူ အမျိုးသမီးနှစ်ဦးကို မြန်မာမွတ်စလင်မ်ပရဟိတအဖွဲ့မှ စံပြဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ပြီး၊ ဦးခေါင်းပြင်းထန်ဒဏ်ရာရရှိ သည့် အမျိုးသမီးကို မေဓါဝီဆေးရုံကြီးသို့ လွှဲပြောင်းပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ-မြန်မာမွတ်စလင်မ်ပရဟိတအဖွဲ့
တာမွေမြို့နယ်ရှိ နေအိမ်တစ်ခုတွင် ရွှေထည်ပစ္စည်းများ လုယက်မှုဖြစ်ပွား အမျိုးသမီးနှစ်ဦး ဒဏ်ရာရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်