တာ​မွေတွင် ​တိုက်ခန်းပထမထပ်၌ အိမ်ရှင်အမျိုးသမီးကိုကြိုးတုပ်ကာ အနုကြမ်းစီး

ရန်ကုန်၊ မတ် ၁၀

ရန်ကုန်တိုင်း​ဒေသကြီး၊ တာ​မွေမြို့နယ်၊ ​မေတ္တာညွန့်ရပ်ကွက်၊ ဝဏ္ဏသိင်္ဂီလမ်းရှိ ​နေအိမ်တိုက်ခန်း(ပထမထပ်)တွင် မတ် ၁၀ ရက်၊ ည​နေ ၅ နာရီက အိမ်ရှင်အမျိုးသမီးကိုကြိုးတုပ်ကာ အနုကြမ်းစီးမှုဖြစ်ပွားခဲ့​ကြောင်း သိရသည်။

အိမ်ရှင်အမျိုးသမီးသည် ​နေအိမ်အတွင်တစ်ဦးတည်း​ရှိ​နေချိန် အမည်မသိသူများက ​​သော့ဖျက်ကာဝင်ရောက်လာပြီး ​အမျိုးသမီးအားလက်ပြန်ကြိုးတုပ်၍ ဓားဖြင့်မွှန်းပြီး ​ရွှေထည်ပစ္စည်းနှင့် ​ငွေများကို အနုကြမ်းစီး ဓားပြတိုက်ခဲ့​ကြောင်း သိရသည်။

“ ည​နေ ၅ နာရီ ၄၅ မိနစ်ထိ လုံခြုံ​ရေးတပ်ဖွဲ့က စစ်​ဆေး​နေဆဲပါ။ တန်ဖိုးကြီးတာပါတယ်​ ပြောတယ်။ ကျပ်သိန်း ဘယ်​လောက်ဖိုးပါတယ်ဆိုတာ ​သေချာမ​ပြော​သေးပါဘူး။ အမျိုးသမီးရဲ့ခန္ဓာကိုယ်မှာ ဓားနဲ့အမွှမ်းခံထားရပါတယ်။ ရန်ကုန်မြို့ပြကြီးမှာ အခုလိုအဖြစ်မျိုး​တွေကြားရ​တော့ အိမ်ရှင်မ​တွေအတွက် အလွန်စိုးရိမ်ရပါတယ်။” ဟု ​မေတ္တာညွန့်​တွင်နေ ထိုင်သူတစ်ဦးက ယ​နေ့​ခေတ်သို့ ​ပြောသည်။

အမည်မသိအမျိုးသား​လေးဦးက အမျိုးသမီးတစ်ဦးတည်း ​နေအိမ်အ​ပေါ်ထပ်တွင်ရှိ​နေချိန်ကို အခွင့်အ​ရေးယူကာ တိုက်ခန်း​သော့ဖျက်ပြီး အနုကြမ်းစီးခဲ့ခြင်းဖြစ်​ကြောင်း သိရသည်။

ဓားဖြင့်အမွှမ်းခံရသည့် အမျိုးသမီးမှာ အသက်အန္တရာယ်စိုးရိမ်ဖွယ်မရှိ​ကြောင်း တာ​မွေမြို့နယ် လုံခြုံ​ရေးတပ်ဖွဲ့နှင့် နီးစပ်သူများထံက သိရသည်။

#မြင့်မြတ်​အောင်မြင်

ဓာတ်ပုံ –  Arkar Linn

#ယနေ့ခေတ်

တာ​မွေတွင် ​တိုက်ခန်းပထမထပ်၌ အိမ်ရှင်အမျိုးသမီးကိုကြိုးတုပ်ကာ အနုကြမ်းစီး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.