ရန်ကုန်၊ ဇွန် ၈
ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၊ မေတ္တာညွန့်ရပ်ကွက်၊ စက်မှု (၃) လမ်း၊ သံလမ်းအနီးတွင် ဇွန် ၈ ရက်၊ နံနက် ၁၀ နာရီက Toyota Fielder Taxi အမျိုးအစားယာဥ်ပေါ် တွင်ဓားထိုးဒဏ်ရာဖြင့် အမည်မသိအမျိုးသားတစ်ဦး သေဆုံးနေကြောင်း မြန်မာမွတ်စလင်မ်ပရဟိတအဖွဲ့ထံမှ သိရသည်။
” မေတ္တာညွန့်ရပ်ကွက်က ဒေသခံပြည်သူတွေရဲ့ သတင်းပေးပို့ချက်အရ ကျွန်တော်တို့ကူညီကယ်ဆယ်ရေးဆောင်ရွက်ဖို့ လာခဲ့တယ်။ ဓားထိုးဒဏ်ရာနဲ့ အမည်မသိအမျိုးသားတစ်ဦးက Toyota Fielder Taxi အမျိုးအစားယာဥ်ပေါ် မှာ သေဆုံးနေတာတွေ့ရပါတယ်။” ဟု မွတ်စလင်မ်ပရဟိတအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

အဆိုပါ ဓားထိုးဒဏ်ရာဖြင့် သေဆုံးနေသူနှင့်ပတ်သက်၍ တာမွေမြို့မရဲစခန်းကစစ်ဆေးခဲ့ပြီး သေဆုံးသူ၏ရုပ်အလောင်းကို သင်္ဃန်းကျွန်းမြို့နယ် စံပြဆေးရုံရေခဲတိုက်သို့ မြန်မာမွတ်စလင်မ် ပရဟိတအဖွဲ့က ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ဓားထိုးဒဏ်ရာဖြင့် သေဆုံးနေသူ အမည်မသိအမျိုးသားနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးလျက်ရှိပြီး၊ အခင်းဖြစ်ပွားမှုကို တာမွေမြို့မရဲစခန်းက ဆက်လက်ပြီးစစ်ဆေးနေဆဲဖြစ်ကြောင်း သိရသည်။
မြင့်မြတ်အောင်မြင်
ဓာတ်ပုံ – မြန်မာမွတ်စလင်မ်ပရဟိတအဖွဲ့ (MMRO)
တာမွေတွင် တက္ကစီအငှားယာဉ်ပေါ် ၌ ဓားထိုးဒဏ်ရာဖြင့် အမျိုးသားတစ်ဦး သေဆုံးနေ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်