ရန်ကုန်၊ ဇန်နဝါရီ ၁၇
ရှမ်းပြည်နယ်၊ တာချီလိတ်မြို့နယ်တွင် လမ်းမြေညှိယာဉ်တစ်စီး ပေ ၁၅၀ ခန့်ရှိ ချောက်ထဲသို့ထိုးကျကာ အမျိုသားသုံးဦးလိုက်ပါလာပြီး တစ်ဦးမှာနေရာတွင်သေဆုံးကာ နှစ်ဦးမှာ ဒဏ်ရာရရှိကြောင်း သိရသည်။
ယမန်နေ့ ညနေ့ ၆ နာရီ ဝန်းကျင်ခန့်က တာချီလိတ်မြို့အဝင် ဖားဟိရွာအနီး တောင်အဆင်းတွင် လမ်းမြေညှိယာဉ်တစ်စီး အရှိန်လွန်ပြီး ဘရိတ်ပေါက်ကာ ပေ ၁၅၀ ခန့်ရှိ ချောက် ထဲသို့ထိုးကျ၍ အသက် ၃၅ နှစ်ရှိ အမျိုးသားတစ်ဦး နေရာတွင်သေဆုံးခဲ့ပြီး၊ အမျိုးသာနှစ်ဦးမှာ ဒဏ်ရာများရရှိကြောင်း သိရသည်။
“မနေ့ ၆ နာရီလောက်ကပေါ့၊ လမ်းညှိတဲ့ကားကာ အရှိန်လွန်ပြီးတော့ ဘရိတ်ပေါက်သွားပုံပဲ။ ကားပေါ်မှာက အမျိုးသားသုံးဦးပါတာ၊ တစ်ဦးကနေမှာတင် ဆုံးသွားတယ်။ တစ်ဦး ကတော့ လတ်လောဆေးရုံမှာပဲရှိသေးတယ်။ တစ်ဦးက ဒဏ်နည်းတယ်။ ဒဏ်ရာရတဲ့ အမျိုးသားကိုတော့ ကြုတဲ့ကားနဲ့ ဆေးရုံကိုလိုက်ပို့လိုက်တယ်။” ဟု ဒေသခံ လူမှုကူညီရေး အသင်းမှ အသင်းဝင်တစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
သေဆုံးသူ၏ရုပ်အလောင်းကို ဒေသခံလူမှုကူညီရေးအသင်းမှ တာချီလိတ်ပြည်သူ့ဆေးရုံကြီး ရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ချစ်ချစ်ခိုင်
ဓာတ်ပုံ- ဦးလှမိုးတာချီလိတ်လူမှုကူညီရေးအသင်း
ယနေ့ခေတ်
တာချီလိတ်မြို့တွင် လမ်းမြေညှိယာဉ်တစ်စီး ချောက်ထဲထိုးကျ အမျိုးသားတစ်ဦး သေဆုံး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်