တရုတ်-မြန်မာ နယ်စပ်ဒေသတွင် ပိတ်မိနေသည့် ထိုင်းနိုင်ငံသား ၁၆၀ ကျော်ကို မိခင်နိုင်ငံသို့ ပြန်လည်ခေါ်ယူရန် ထိုင်းအစိုးရ ကြိုးပမ်း

ဘန်ကောက်၊ နိုဝင်ဘာ ၃

မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသည့် တိုက်ပွဲများကြား ပိတ်မိနေသည့် ထိုင်းနိုင်ငံသား ၁၆၂ ဦးကို မိခင်နိုင်ငံသို့ အမြန်ဆုံးပြန်လည်ခေါ်ယူသွားရန် ကြိုးပမ်းနေကြောင်း ထိုင်းအစိုးရက ထုတ်ဖော်ပြောဆိုလိုက်သည်။

မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ပြီးခဲ့သောသီတင်းပတ်က နစကတပ်နှင့် တိုင်းရင်းသား လက်နက်ကိုင်သုံးဖွဲ့ကြား တိုက်ပွဲများစတင်ဖြစ်ပွားခဲ့ရာ ထိုင်းနိုင်ငံသားများ အပါအဝင် နိုင်ငံခြားသားများ နယ်စပ်ဒေသတွင် ပိတ်မိနေကြောင်း သိရသည်။

မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံရုံးက နစကတပ်နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ တိုက်ပွဲဖြစ်ပွားနေသည့် နယ်စပ်မြို့တွင် ပိတ်မိနေသည့် ထိုင်းနိုင်ငံသားများ ဘေးကင်းလုံခြုံ စေရန် ကူညီထောက်ပံ့ပေးနေကြောင်း ဆိုသည်။

ထိုင်းဝန်ကြီချုပ် ဆာရက်တာ တာဗီဆင်က မြန်မာနိုင်ငံ၊ လောက်ကိုင်မြို့အပါအဝင် နယ်စပ်ဒေသတွင် ထိုင်းနိုင်ငံသား ၁၆၂ ဦးပိတ်မိနေကြောင်း၊ ပိတ်မိနေသည့်ထိုင်းနိုင်ငံသား ၁၆၂ ဦးကို ကူညီပေးနိုင်ရန်နှင့် ဘေးကင်းသည့်နေရာကို ခေါ်ယူနိုင်ရန်အတွက် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံရုံးကို ညွန်ကြားထားကြောင်း သိရသည်။

ထိုင်းအစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ Chai Wacharonke က “ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံရုံးဟာ တိုက်ပွဲတွေကြားပိတ်မိနေတဲ့ ထိုင်းနိုင်ငံသားတွေကို ဘေးကင်းမှုဖြစ်စေဖို့၊ လိုအပ် တဲ့အရာတွေ ကူညီထောက်ပံ့ပေးထားတယ်။ ထိုင်းသံရုံးဟာ ပိတ်မိနေတဲ့ ထိုင်းနိုင်ငံသားတွေကို မိခင်နိုင်ငံဆီ အမြန်ဆုံးပြန်လည်ခေါ် ယူနိုင်ဖို့ မြန်မာအာဏာပိုင်တွေနဲ့ ဆွေးနွေးနေ တယ်။” ဟု ပြောသည်။

မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ပြီးခဲ့သောသီတင်းပတ်က ရခိုင်လက်နက်ကိုင်အဖွဲ့ AA၊ တအောင်းလက်နက်ကိုင်အဖွဲ့ TNLA၊ ကိုးကန့် လက်နက်ကိုင်အဖွဲ့ MMDA တို့နှင့် နစကတပ်ကြား တိုက်ပွဲများဖြစ်ပွားခဲ့ပြီး တိုင်းရင်းသားလက်နက်ကိုင်သုံးဖွဲ့က တရုတ်နှင့် မြန်မာနိုင်ငံနယ်စပ်မြို့အချို့ကို ထိန်းချုပ်ထားကြောင်း သိရသည်။

တိုက်ပွဲများဖြစ်ပွားနေသည့် လောက်ကိုင်မြို့ထဲတွင် နီပေါ၊ လာအို၊ အီသီယိုပီးယားနိုင်ငံသားများအပါအဝင် နိုင်ငံခြားသား ၅၀၀ ခန့် ပိတ်မိနေကြောင်း သိရသည်။

အစ္စရေးနှင့် ဟားမက်စ် လက်နက်ကိုင်အဖွဲ့ကြား ဖြစ်ပွားနေသည့် စစ်ပွဲတွင်လည်း ထိုင်းနိုင်ငံသားများ သေဆုံးခြင်း၊ ဒဏ်ရာရခြင်းနှင့် ပြန်ပေးဆွဲခံရခြင်းများ ရှိလာခဲ့ပြီးနောက် ထိုင်းအစိုးရသည် မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် တိုက်ပွဲများအတွင်း ပိတ်မိနေသည့် ထိုင်းနိုင်ငံသားများကို အမြန်ဆုံးပြန်လည်ခေါ်ယူရန် ကြိုးပမ်းလာနေကြောင်း သိရသည်။

#ကောင်းထက်ငွေ

thaipbsworld.com

Photo: This photo taken on November 2 shows Myanmar’s military chief Senior General Min Aung Hlaing (L) speaking during a meeting in Nay Pyi Taw. He said the military will strike back at ethnic armed groups waging an offensive in the north of the country.//AFP

#ယနေ့ခေတ်

တရုတ်-မြန်မာ နယ်စပ်ဒေသတွင် ပိတ်မိနေသည့် ထိုင်းနိုင်ငံသား ၁၆၀ ကျော်ကို မိခင်နိုင်ငံသို့ ပြန်လည်ခေါ်ယူရန် ထိုင်းအစိုးရ ကြိုးပမ်း အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.