တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးအတွက် မိုင်းလားနယ်စပ်ဂိတ်တစ်ခုသာ သုံးနိုင်

ရန်ကုန်၊ နိုဝင်ဘာ ၂၂

တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးအတွက် မိုင်းလားအထူးဒေသ ၄ နယ်စပ်ဂိတ်မှသာ ကုန်သွယ်နိုင်တော့ကြောင်း မူဆယ်မြို့ရှိ ကုန်သည်များထံမှ သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၂၆ ရက်မှစတင်ကာ ရှမ်းပြည်မြောက်ပိုင်းရှိ ဒေသအချို့၌ နှစ်ဖက်ထိတွေ့တိုက်ပွဲများကြောင့် လမ်းများပိတ်ထားလိုက်သဖြင့် တရုတ်-မြန်မာကုန်သွယ် ရေးများ ရပ်ဆိုင်းသွားခဲ့ကြောင်း သိရသည်။

“အရင်က မိုင်းလားဘက်က သိပ်မပို့ဘူး။ လမ်းကြောင်းရှည်လို့။ တိုက်ပွဲတွေဖြစ်ပြီး မူဆယ် ၁၀၅ မိုင်နဲ့ ချင်းရွှေဟော်ဂိတ်တွေ ပိတ်သွားလို့ မိုင်းလားဘက်ကနေ တရုတ်ဘက်ကို ပို့တာ။ ကုန်ကျစရိတ်တော့ပိုသွားတယ်။ ဒီအချိန်က ဖရဲသီးနဲ့ သခွားမွှေး ပေါ်တဲ့ရာသီဆိုတော့ အဲဒီအသီးတွေ အများဆုံးပို့တယ်။” ဟု မူဆယ်မြို့မှ တရုတ်ပြည်သို့ သစ်သီးတင်ပို့ နေသည့် ကုန်သည်တစ်ဦးက ပြောသည်။

ယခင်က တရုတ်-မြန်မာ အပြန်အလှန်ကုန်သွယ်ရာတွင် ရှမ်းပြည်နယ်နှင့် တရုတ်ပြည်နယ်တို့ နယ်နမိတ်ထိစပ်လျက်ရှိသည့် မူဆယ်၊ ချင်းရွှေဟော်၊ လွယ်ဂျယ်၊ ကန်ပိုက်တီးနှင့် ကျိုင်းတုံ နယ်စပ်ဂိတ်များမှ ကုန်သွယ်နိုင်သော်လည်း အောက်တိုဘာလ ၂၆ ရက်မှစတင်ကာ တကျော့ပြန်တိုက်ပွဲများကြောင့် ထိုနယ်စပ်ဂိတ်များအားလုံး ပိတ်သွားပြီး၊ မိုင်းလား အထူးဒေသ ၄ နယ်စပ်ကုန်သွယ်ရေးဂိတ်ကိုသာ အားကိုးနေရတော့ကြောင်း သိရသည်။

#အောင်သူရိန်

ဓာတ်ပုံ – အင်တာနက်

#ယနေ့ခေတ်

တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးအတွက် မိုင်းလားနယ်စပ်ဂိတ်တစ်ခုသာ သုံးနိုင် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.