ထိုင်ဝမ်၊ မေ ၂၈
အမေရိကန်နိုင်ငံ၏ လွှတ်တော်အမတ်များက ထိုင်ဝမ်ကို တရုတ်နိုင်ငံ၏ရန်စကျူးကျော်မှုများရန်မှ ကူညီထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုလိုက်သည်။
အမေရိကန်အောက်လွှတ်တော်၏ နိုင်ငံခြားရေးရာကော်မတီအကြီးအကဲ Michael McCaul ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် မေလ ၂၇ ရက်နေ့တွင် ထိုင်ဝမ်သမ္မတအသစ် လိုင်ချန်တေးနှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် ပြောဆိုခဲ့ခြင်းဖြစ်သည်။
တရုတ်နိုင်ငံက ထိုင်ဝမ်သို့ အမေရိကန်လွှတ်တော်ကိုယ်စားလှယ်များ လာရောက်ခြင်းကို ဝေဖန်ပြစ်တင်ခဲ့သော်လည်း အမေရိကန်အောက်လွှတ်တော်မှ ကိုယ်စားလှယ်များ ထိုင်ဝမ်ကိုလာရောက်လည်ပတ်ခဲ့ကြောင်း သိရသည်။
ထိုင်ဝမ်သမ္မတအသစ် ကျမ်းသစ္စာကျိန်ဆိုပြီးနောက် ရက်ပိုင်းအကြာ တရုတ်နှင့်ထိုင်ဝမ်ကြား တင်းမာမှုများရှိနေချိန်တွင် အမေရိကန်လွှတ်တော်ကိုယ်စားလှယ်များသည် ထိုင်ဝမ်ကိုသွားရောက်ခဲ့ခြင်းဖြစ်သည်။
အမေရိကန်လွှတ်တော်ကိုယ်စားလှယ်များသည် ထိုင်ဝမ်ကျွန်းအနီး တရုတ်စစ်တပ်၏ အင်အားပြ ခြိမ်းခြောက်သော စစ်ရေးလေ့ကျင့်ခန်းများကို ဝေဖန်ပြစ်တင်ခဲ့ကြောင်း သိရ သည်။
အမေရိကန်လွှတ်တော်ကိုယ်စားလှယ်များက တရုတ်နိုင်ငံ၏လုပ်ရပ်သည် ထိုင်ဝမ်ကျွန်းနှင့် ပြန်လည်ပေါင်းစည်းရေးကြိုးပမ်းရာတွင် ငြိမ်းချမ်းသောနည်းလမ်းကို အသုံးပြုမည်မ ဟုတ်ကြောင်းကို ပြသလိုက်ခြင်းဖြစ်ကြောင်း ပြောသည်။
အမေရိကန်လွှတ်တော်အမတ်တစ်ဦးဖြစ်သူ McCaul က “ ဒီမိုကရေစီကို လက်ခံကျင့်သုံးသူအားလုံးဟာ ရန်စကျူးကျော်မှုတွေကို အတူတကွရပ်တည်ရင်ဆိုင်သွားမယ်။” ဟုပြော သည်။
ကောင်းထက်ငွေ
channelnewsasia.com
တရုတ်၏ရန်စမှုများမှ ထိုင်ဝမ်ကိုကူညီမည်ဟု အမေရိကန် လွှတ်တော်ကိုယ်စားလှယ်များ ဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်