တရုတ်၏ဖိအားပေးမှုကြောင့် Nauru ကျွန်းစုနိုင်ငံက ထိုင်ဝမ်နှင့် သံတမန်ဆက်ဆံရေး ဖြတ်တောက်

နာရီယို၊ ဇန်နဝါရီ ၁၅

တရုတ်နိုင်ငံသည် ထိုင်ဝမ်နှင့် သံတမန်ဆက်ဆံရေးရှိနေသည့် နိုင်ငံများကို ဖိအားပေးလျက်ရှိနေသည့်အတွက် Nauru ကျွန်းစုနိုင်ငံသည် ထိုင်ဝမ်နှင့် သံတမန်ဆက်ဆံရေး ဖြတ် တောက်ပြီး တရုတ်နိုင်ငံနှင့် သံတမန်ဆက်ဆံရေး တည်ထောင်လိုက်ကြောင်း သိရသည်။ ထိုင်ဝမ်တွင် သမ္မတရွေးကောက်ပွဲကျင်းပပြီးနောက် ရက်ပိုင်းအကြာတွင် Nauru ကျွန်းစုနိုင်ငံက ယင်းကဲ့သို့လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

တရုတ်နိုင်ငံသည် ပြီးခဲ့သောနှစ်ပိုင်းတွင် ထိုင်ဝမ်နှင့် သံတမန်ဆက်ဆံရေးရှိနေသည့် နိုင်ငံများကို ဖိအားမျိုးစုံပေးကာ ထိုင်ဝမ်နှင့် သံတမန်ဆက်ဆံရေးဖြတ်တောက်ရန် တွန်းအား ပေးခဲ့ကြောင်း သိရသည်။

အဆိုပါကျွန်းစုနိုင်ငံသည် ထိုင်ဝမ်နှင့် သံတမန်ဆက်ဆံရေး ဖြတ်တောက်ပြီး တရုတ်နှင့် သံတမန်ဆက်ဆံရေး တည်ထောင်ခဲ့သော်လည်း ထိုင်ဝမ်နှင့် သံတမန်ဆက်ဆံရေး တည် ထောင်နေသည့် နိုင်ငံပေါင်း၁၂ နိုင်ငံရှိနေဆဲဖြစ်ကြောင်း သိရသည်။

ထိုင်ဝမ်တွင် ပြီးခဲ့သောရက်ပိုင်းက သမ္မတရွေးကောက်ပွဲကျင်းပခဲ့ရာ အာဏာရပါတီမှ William Lai ဆိုသူ ရွေးချယ်ခံရပြီး တရုတ်နိုင်ငံကို ဒေါသဖြစ်စေခဲ့ကြောင်း သိရသည်။ တ ရုတ်အစိုးရက William Lai သည် ထိုင်ဝမ်လွှတ်လပ်ရေးနှင့်ပတ်သက်ပြီး အခက်ခဲများစွာဖြစ်အောင် လုပ်ဆောင်မည့်သူဖြစ်ကြောင်း ပြောသည်။

ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက ပစီဖိတ်ဒေသကျွန်းနိုင်ငံဖြစ်သော Nauru နှင့် သံတမန်ဆက်ဆံရေး ဖြတ်တောက်သွားခဲ့ကြောင်း ထိုင်ဝမ်ရွေးကောက်ပွဲကို ဆန့် ကျင်သော တရုတ်၏လက်တုံ့ပြန်သော လုပ်ရပ်ဖြစ်သလို နိုင်ငံတကာစည်းကမ်းအမိန့်များကို တိုက်ရိုက်စိန်ခေါ်လိုက်သော လုပ်ရပ်ဖြစ်ကြောင်း ပြောသည်။

တရုတ်နိုင်ငံသည် Nauru နိုင်ငံကို ဘဏ္ဍာရေးအကူအညီ အများအပြားပေးပြီးဝယ်ယူကာ နိုင်ငံရေးသြဇာလွမ်းမိုးရန် ကြိုးပမ်းခဲ့ခြင်းဖြစ်ကြောင်း ထိုင်ဝမ်အစိုးရက ဝေဖန်ထားသည်။

တရုတ်နိုင်ငံသည် ထိုင်ဝမ်ကို ဖိနှိပ်ရန်ကြိုးပမ်းနေခဲ့ပြီး တရုတ်၏ လုပ်ရပ်များက မှားယွင်းနေကြောင်း ထိုင်ဝမ်အစိုးရက ထပ်မံပြောဆိုခဲ့သည်။

ကောင်းထက်ငွေ

bbc.com/news

တရုတ်၏ဖိအားပေးမှုကြောင့် Nauru ကျွန်းစုနိုင်ငံက ထိုင်ဝမ်နှင့် သံတမန်ဆက်ဆံရေး ဖြတ်တောက် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.