ရန်ကုန်၊ အောက်တိုဘာ ၃၀
ယခု ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်ဝက်ကာလတွင် မြန်မာနိုင်ငံအနေဖြင့် တရုတ်၊ ထိုင်း၊ စင်ကာပူတို့နှင့် ကုန်သွယ်မှုပမာဏအများဆုံး ဆောင်ရွက်ထားကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် အချက်အလက်များအရ သိရသည်။
ယင်းဘဏ္ဍာနှစ်ဝက်ကာလအတွင်း ပို့ကုန်တန်ဖိုး ကန်ဒေါ်လာ ၇ ဒသမ ၆ ဘီလီ ယံကျော်နှင့် သွင်းကုန်တန်ဖိုး ၈ ဒသမ ၅ ဘီလီယံကျော် စုစုပေါင်း ကုန်သွယ်မှုတန်ဖိုး ၁၆ ဘီလီယံ ကျော်ရရှိထားကြောင်း သိရသည်။
သို့သော် ယခုဘဏ္ဍာနှစ်တွင် ကုန်သွယ်မှုပမာဏ လျော့ကျနေဆဲဖြစ်ကြောင်း လုပ်ငန်းရှင်များ၏ ပြောပြချက်အရ သိရသည်။
“ သူတို့ကသာ ကုန်သွယ်မှုတန်ဖိုးက တတ်လာတယ်ပဲပြောနေတာ။ ကုန်သွယ်မှုကလေ ဒီဘဏ္ဍာနှစ်မှာက တော်တော်လေး သိသိသာသာကိုကျသွားတာ။ ပြောရရင် ပို့ကုန်ကိစ္စပဲပေါ့။ အဓိက အဲဒါပါပဲ။” ဟု ပို့ကုန်လုပ်ငန်းရှင်တစ်ဦးက ပြောသည်။
ပြည်ပကုန်သွယ်မှုအနေဖြင့် ပင်လယ်ရေကြောင်းအပါအဝင် နယ်စပ်ကုန်သွယ်ရေးမှလည်း ဆောင်ရွက်လျက်ရှိသည်။
အဆိုပါကာလအတွင်း တရုတ်နှင့် ကုန်သွယ်မှုပမာဏ ကန်ဒေါ်လာ ၄ ဒသမ ၅ ဘီလီယံကျော်၊ ထိုင်းနိုင်ငံနှင့် ကုန်သွယ်မှုတန်ဖိုး ကန်ဒေါ်လာ ၃ ဒသမ ၀၆၈ ဘီလီယံကျော် ဆောင် ရွက်ထားပြီး စင်ကာပူနှင့်ကုန်သွယ်မှု တတိယအများဆုံး ဆောင်ရွက်ထားပြီး ကုန်သွယ်မှုတန်ဖိုး ၁ ဒသမ ၈၁၂ ဘီလီယံကျော် ရရှိထားကြောင်း ကုန်သွယ်မှုစာရင်းများအရ သိရ သည်။
ဓာတ်ပုံ – အင်တာနက်
တရုတ်၊ ထိုင်း၊ စင်ကာပူတို့နှင့် ကုန်သွယ်မှုပမာဏအများဆုံး ဆောင်ရွက်ထား အတွက် မှတ်ချက်များ 0 ခုရှိပါတယ်