တရုတ်အစိုးရက မြန်မာနိုင်ငံမြောက်ပိုင်းသို့ တရုတ်နိုင်ငံသားများ ခရီးသွားခြင်းမလုပ်ရန် တားမြစ်

ဘေဂျင်း၊ နိုတင်ဘာ ၉

မြန်မာနိုင်ငံ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တိုက်ပွဲများဖြစ်လာခဲ့ပြီးနောက် တရုတ်အစိုးရသည် တရုတ်နိုင်ငံသားများကို မြန်မာနိုင်ငံမြောက်ပိုင်းသို့ ခရီးသွားရောက်ခြင်း မပြုလုပ်ရန် တိုက်တွန်းသတိပေးလိုက်ကြောင်း သိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ပြီးခဲ့သောသီတင်းပတ်ကတည်းက တိုက်ပွဲများစတင်ဖြစ်ပွားခဲ့ရာ ဒေသခံသောင်းနှင့်ချီပြီး နေရပ်စွန့်ခွာ ထွက်ပြးခဲ့ရကြောင်း ကုလသမဂ္ဂက ပြော သည်။

နစကတပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြား ဖြစ်ပွားနေသည့် တိုက်ပွဲများသည် တရုတ်နှင့် မြန်မာနယ်စပ်ဒေသအနီးတွင် ဖြစ်ပွားနေခြင်းဖြစ်သည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များသည် တရုတ်နိုင်ငံသို့ သွားရောက်မည့် အဓိကလမ်းမကြီးများကိုလည်း ပိတ်ဆို့ထားကြောင်း သိရသည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက “ မြန်မာနိုင်ငံမြောက်ပိုင်းမြို့တွေမှာ လက်နက်ကိုင်ပဋိပက္ခတွေ ပျံ့နှံ့ဖြစ်ပွားနေတဲ့အတွက် တရုတ်နိုင်ငံသားတွေအနေနဲ့ အဲဒီဒေသတွေဆီ ခရီး မသွားစေလိုဘူး။ လက်နက်ကိုင်ပဋိပက္ခ ဖြစ်ပွားနေတဲ့နေရာတွေမှာရှိနေတဲ့ တရုတ်နိုင်ငံသားတွေအနေနဲ့လည်း အခြေအနေတွေကို အနီးကပ်စောင့်ကြည့်စေလိုပါတယ်။ဘေးကင်း တဲ့နေရာကို ရွှေ့ပြောင်းတာ၊ ဒါမှမဟုတ် မိခင်နိုင်ငံကို ပြန်လာစေလိုတယ်။” ဟု တိုက်တွန်းထားသည်။

တအောင်းလက်နက်ကိုင်အဖွဲ့၊ ရခိုင်လက်နက်ကိုင်အဖွဲ့၊ ကိုးကန့်လက်နက်ကိုင်အဖွဲ့များသည် ပြီးခဲ့သောအောက်တိုဘာ ၂၇ ရက်နေ့က မြန်မာနိုင်ငံ၏မြို့များကို စတင်တိုက်ခိုက်ခဲ့ပြီး ထိန်းချုပ်ရယူခဲ့ကြောင်း သိရသည်။

#ကောင်းထက်ငွေ

aa.com.tr

#ယနေ့ခေတ်

ပုံစာ- တရုတ်နိုင်ငံဘက်အခြမ်းမှ မြန်မာစစ်ဘေးရှောင်များ

တရုတ်အစိုးရက မြန်မာနိုင်ငံမြောက်ပိုင်းသို့ တရုတ်နိုင်ငံသားများ ခရီးသွားခြင်းမလုပ်ရန် တားမြစ် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.