တရုတ်နှင့် မြန်မာနယ်စပ်တွင် ဖြစ်ပွားနေသည့် တိုက်ပွဲများကို အမြန်ဆုံး အပစ်အခတ်ရပ်စဲရန် တရုတ်အစိုးရ ထပ်မံတောင်းဆို

ဘေဂျင်း၊ နိုဝင်ဘာ ၁၅

မြန်မာအစိုးရအနေဖြင့် တရုတ်နှင့် မြန်မာနယ်စပ်ဒေသ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိပက္ခများနှင့် ပတ်သက်ပြီး အပစ်အခတ်ရပ်စဲရန်နှင့် တွေ့ဆုံဆွေးနွေးရန် နိုဝင်ဘာ ၁၄ ရက်နေ့က ထပ်မံတိုက်တွန်းလိုက်သည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မာအိုနင်က “ မြန်မာနိုင်ငံမြောက်ပိုင်းမှာ ဖြစ်ပွားနေတဲ့ လက်နက်ကိုင်ပဋိပက္ခတွေနဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံက အလွန်အမင်း စိုးရိမ်မှုဖြစ်နေရပါတယ်။ တရုတ်-မြန်မာ နယ်စပ်ဒေသတည်ငြိမ်ရေးနဲ့ လုံခြုံရေးတို့ ပြန်လည်ရရှိစေဖို့ လက်တွေ့ကျပြီး ထိထိရောက်ရောက်အရေးယူဖို့ မြန်မာအစိုးရကို တောင်းဆို ပါတယ်။” ဟု ပြော သည်။

တရုတ်နိုင်ငံနှင့် နယ်စပ်ချင်းထိစပ်နေသော ရှမ်းပြည်နယ်မြောက်ပိုင်းတွင် မကြာသေးမီက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် နစကတပ်တို့ တိုက်ပွဲများဖြစ်ပွားလာခဲ့ကြောင်း သိရသည်။

ကိုးကန့်လက်နက်ကိုင်အဖွဲ့၊ တအောင်းလက်နက်ကိုင်အဖွဲ့ နှင့် ရခိုင်လက်နက်ကိုင်အဖွဲ့များသည် နစကတပ်စခန်းများကို တိုက်ခိုက်သိမ်းပိုက်ရာမှ တိုက်ပွဲများဖြစ်လာခဲ့ပြီး လက်ရှိ အချိန်တွင် တရုတ်နှင့် မြန်မာနိုင်ငံကြား ဆက်သွယ်ထားသော နယ်စပ်ကုန်သွယ်ရေး အဓိကလမ်းကြောင်းကို ပိတ်ဆို့ထားကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ပြီးခဲ့သောရက်ပိုင်းက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် နစကတပ်များကြား တိုက်ပွဲများထပ်မံဖြစ်ပွားလာခဲ့ပြီးနောက်ပိုင်း လူပေါင်းသောင်းချီ၍ နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရပြီး အိန္ဒိယနိုင်ငံဘက်ခြမ်းသို့ နေရပ်စွန့်ခွာမှုများလည်းရှိကြောင်း သိရသည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မာအိုနင်က “ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တင်းမာမှုတွေ ပိုမိုဖြစ်လာမယ့် အခြေအနေတွေကို ရှောင်ရှားနိုင်အောင် အပစ်အခတ် ရပ်စဲပြီး စေ့စပ်ဆွေးနွေးမှုတွေ အမြန်ဆုံးလုပ်ဆောင်ဖို့ သက်ဆိုင်ရာအဖွဲ့စည်းအားလုံးကို တိုက်တွန်းပါတယ်။” ဟု ပြောသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် လက်နက်ကိုင်ပဋိပက္ခများ ဖြစ်လာခဲ့ပြီးနောက် တရုတ်နိုင်ငံ၏ ပြည်သူရေးရာ လုံခြုံရေးဝန်ကြီးအပါအဝင် တရုတ်အစိုးရ တာဝန်ရှိသူများသည် မြန် မာနိုင်ငံကိုလာရောက်ကာ SAC တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

#ကောင်းထက်ငွေ

aa.com.tr

#ယနေ့ခေတ်

တရုတ်နှင့် မြန်မာနယ်စပ်တွင် ဖြစ်ပွားနေသည့် တိုက်ပွဲများကို အမြန်ဆုံး အပစ်အခတ်ရပ်စဲရန် တရုတ်အစိုးရ ထပ်မံတောင်းဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.