တရုတ်နိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးသမားဖြစ်သည့် ဝန်ကြီးချုပ်ဟေင်း လီခကျန်း နှလုံးရောဂါဖြင့် ရုတ်တရက်သေဆုံး

ဘေဂျင်း၊ အောက်တိုဘာ ၂၇

တရုတ်ဝန်ကြီးချုပ်ဟောင်း လီခကျန်းသည် အောက်တိုဘာ ၂၆ ရက်နေ့တွင် နှလုံးရောဂါဖြင့် ကွယ်လွန်သွားခဲ့ကြောင်း တရုတ်နိုင်ငံပိုင် မီဒီယာများက ဖော်ပြထားသည်။

လီခကျန်းကို နှလုံးရောဂါမှ ပြန်လည်သက်သာလာစေရန် ကုသခဲ့သော်လည်း အောက်တိုဘာ ၂၆ ရက်၊ ညပိုင်းတွင် ကွယ်လွန်သွားခဲ့ခြင်းဖြစ်ကြောင်း တရုတ်နိုင်ငံပိုင် မီဒီယာများက ဖော်ပြထားသည်။

လီခကျန်းသည် ပြီးခဲ့သောနှစ်များအတွင်း တရုတ်အစိုးရအဖွဲ့၏ အဆင့်မြင့်ဆုံး ဒုတိယခေါင်းဆောင်အဖြစ် နှစ်ပေါင်းများစွာကြာ တာဝန်ယူခဲ့သော်လည်း တရုတ်ထိပ်တန်းခေါင်း ဆောင်များနှင့် ဆက်ဆံရေးကောင်းမွန်မှုမရှိဘဲ အထီးကျန်နေခဲ့သူဖြစ်သည်။

၎င်းသည် တရုတ်သမ္မတ ရှီကျင့်ဖျင့်ကဲ့သို့ သစ္စာခံသောအုပ်စု ပိုင်ဆိုင်ထားခြင်းမရှိသော ခေါင်းဆောင်တစ်ဦးဖြစ်ကြောင်း သိရသည်။

Carnegie China think tank အဖွဲ့မှ Ian Chong က “ လီခကျန်း ကွယ်လွန်ခြင်းဟာ တရုတ်အာဏာရပါတီဖြစ်တဲ့ ကွန်မြူနစ်ပါတီရဲ့ ထိပ်တန်းခေါင်းဆောင်တွေကြား ပြုပြင် ပြောင်းလဲရေးကို လိုလားသူတစ်ဦးကို ဆုံးရှုံးလိုက်ရတာပါ။” ဟု ပြောသည်။

လီခကျန်းသည် ယခုနှစ်မတ်လအတွင် တရုတ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ရာထူးက အနားယူခဲ့ရသူဖြစ်ပြီး ရှန်ဟိုင်းမြို့ဆေးရုံတွင် ကွယ်လွန်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လီခကျန်း သေဆုံးမှုအပေါ် တရုတ်လူမှုကွန်ရက်မီဒီယာများတွင် ဝမ်းနည်းစကား အသီးသီးရေးသားပြောဆိုလျက်ရှိနေကြောင်း သိရသည်။

လီခကျန်းသည် တရုတ်အစိုးရအဖွဲ့တွင် ဝန်ကြီးချုပ်အဖြစ် ၂၀၁၃ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ တာဝန်ယူခဲ့ပြီး မြန်မာနိုင်ငံသို့ လာရောက်ခဲ့ဖူးသော တရုတ်ဝန်ကြီးချုပ်တစ်ဦးလည်းဖြစ် သည်။

တရုတ်အခြေစိုက် သတင်းဌာနတစ်ဖြစ်သော China Neican ၏ အယ်ဒီတာတစ်ဦးဖြစ်သူ Adam Ni က “ လီခကျန်းဟာ တရုတ်နိုင်ငံ ပြုပြင်ပြောင်းလဲရေးနဲ့ ပွင့်လင်းမြင်သာမှု ရှိစေဖို့ မျှော်လင့်ချက်အပြည့်နဲ့ လုပ်ဆောင်ခဲ့သူပါ။ သူကို့ ဘယ်တော့မှမေ့မှာမဟုတ်ပါဘူး။” ဟုပြောသည်။

လီခကျန်းသည် တရုတ်ဝန်ကြီးချုပ်အဖြစ် တာဝန်ယူချိန်အတွင်း ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်ရန် ကြိုးပမ်းခဲ့သော်လည်း ဝေဖန်ပြစ်တင်မှုများဖြင့် ရင်ဆိုင်ခဲ့ရသော ၎င်းဝန် ကြီးချုပ်အဖြစ် တာဝန်ယူချိန်ကာလအတွင်း တရုတ်နိုင်ငံစီးပွားရေးက မျှော်လင့်သလောက် တိုးတက်မှုမရှိကြောင်း ပြစ်တင်မှုများ ရင်ဆိုင်ခဲ့ရသည်။

လီခကျန်းသည် တရုတ်နိုင်ငံဝန်ကြီးချုပ်အဖြစ် တာဝန်ယူချိန်အတွင်း နိုင်ငံစီးပွားရေးနှင့် နိုင်ငံရေးပိုင်းကို ပြုပြင်ပြောင်းလဲနိုင်ရန် ကြိုးပမ်းခဲ့ကြောင်း သိရသည်။

ကောင်းထက်ငွေ

apnews.com

#ယနေ့ခေတ်

တရုတ်နိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးသမားဖြစ်သည့် ဝန်ကြီးချုပ်ဟေင်း လီခကျန်း နှလုံးရောဂါဖြင့် ရုတ်တရက်သေဆုံး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.