တရုတ်နိုင်ငံနှင့် ရန်သူမဖြစ်လိုကြောင်း ထိုင်ဝမ်သမ္မသစ် ဆို

ထိုင်ဝမ်၊ ဇန်နဝါရီ ၁၄

ဇန်နဝါရီ ၁၃ ရက်နေ့ကကျင်းပခဲ့သော ထိုင်ဝမ်ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သော အာဏာရပါတီ (DPP) ၏ ခေါင်းဆောင်ဖြစ်သူက တရုတ်နိုင်ငံနှင့် ရန်သူများမဖြစ်လိုပဲ မိတ်ဆွေ အဖြစ်သာရှိလိုကြောင်း ထုတ်ဖော်ပြောဆိုလိုက်သည်။

(DPP)ပါတီ၏ခေါင်းဆောင်ဖြစ်သူ Lai Ching-te သည် သမ္မတရွေးကောက်ပွဲတွင် အနိုင်ရခဲ့ပြီးနောက် မိန့်ခွန်းပြောဆိုချိန်အတွင်း ယင်းကဲ့သို့ပြောဆိုခဲ့ခြင်းဖြစ်သည်။

၎င်းက “ တရုတ်နိုင်ငံနဲ့ ရန်သူတွေဖြစ်ဖို့ မလိုလားပါဘူး။ တရုတ်နိုင်ငံနဲ့ မိတ်ဆွေတွေပဲဖြစ်လိုတာပါ။ ကမ္ဘာတဝှမ်းက ဒီမိုကရေစီအရေးနဲ့ပတ်သက်ပြီး အတူရပ်တည်မယ်။” ဟု ပြောသည်။

Lai Ching-te သည် ဇန်နဝါရီ ၁၃ ရက်နေ့ကကျင်းပသော ရွေးကောက်ပွဲတွင် ဆန္ဒမဲအားလုံး၏ ၄၀ ဒသမ ၀၅ ရာခိုင်နှုန်းရရှိခဲ့ပြီး Kuomintang’s (KMT) ပါတီအကြီးအကဲ Mr Hou Yu-ih က ဆန္ဒမဲပေါင်း ၃၃ ဒသမ ၄၉ ရာခိုင်နှုန်း ၊ Taiwan People’s Party’s (TPP) ပါတီခေါင်းဆောင်ဖြစ်သူ Ko Wen-je က ဆန္ဒမဲပေါင်း ၂၇ ရာခိုင်နှုန်းနီးပါးရရှိခဲ့ကြောင်း သိရသည်။

တရုတ်အစိုးရသည် Lai Ching-te ကို မကြာသေးမီက ဝေဖန်ပြစ်တင်ခဲ့ပြီး ခွဲထွက်ရေးအတွက် အန္တရာယ်ရှိသူတစ်ဦးဖြစ်ကြောင်း ရွေးကောက်ပွဲမတိုင်ခင် ကဝေဖန်ခဲ့သည်။ တရုတ် အစိုးရက ၎င်းတို့သည် ထိုင်ဝမ်နှင့်ပြန်လည်ပေါင်းစည်းရေးကို မဖြစ်မနေ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ထိုင်ဝမ်ရွေးကောက်ပွဲအပြီးတွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။

တရုတ်အစိုးရ၏ ထိုင်ဝမ်ရေးရာရုံး ပြောရေးဆိုခွင့်ရှိသူတစ်ဦးဖြစ်သော Chen Binhua က ထိုင်ဝမ်ရွေးကောက်ပွဲရလဒ်သည် ထိုင်ဝမ်နှင့် ပြန်လည်ပေါင်းစည်းရေကို တားဆီးနိုင်မည် မဟုတ်ကြောင်း ပြောသည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလီကန်က ထိုင်ဝမ်ရွေးကောက်ပွဲတွင် William Lai Ching-te အနိုင်ရခဲ့ခြင်းကို ချီးကျူးဂုဏ်ပြုခဲ့ပြီး ထိုင်ဝမ်ရေလက်ကြား တည်ငြိမ်ရေး၊ ငြိမ်ချမ်းရေးအတွက် ပေးထားသောကတိများကို ဆက်လက်အကောင်ထည်ဖော်မှာဖြစ်ကြောင်း ပြောဆိုသည်။

ကောင်းထက်ငွေ

wionews.com

တရုတ်နိုင်ငံနှင့် ရန်သူမဖြစ်လိုကြောင်း ထိုင်ဝမ်သမ္မသစ် ဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.