တရုတ်နိုင်ငံနှင့်တွေ့ဆုံဆွေးနွေးလိုကြောင်း ထိုင်ဝမ်သမ္မတ ဆို

ထိုင်ဝမ်၊ မေ ၂၇

ထိုင်ဝမ်သမ္မတအသစ်က ၎င်းတို့အနေဖြင့် တရုတ်နိုင်ငံနှင့်တွေ့ဆုံဆွေးနွေးရန် လိုလားနေဆဲဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုလိုက်သည်။

ထိုင်ဝမ်သမ္မတ လိုင်ချန်တေး သမ္မတအဖြစ်ကျန်းသမ္မတကျိန်ဆိုပြီးနောက် ရက်ပိုင်းအကြာတွင် တရုတ်စစ်တပ်က ထိုင်ဝမ်ကျွန်းနားတွင် စစ်ရေးလေ့ကျင့်ခန်းများ လုပ်ဆောင်ခဲ့ရာ နှစ်နိုင်ငံကြား အငြင်းပွားမှုများပိုမိုဖြစ်လာခဲ့ကြောင်း သိရသည်။

တရုတ်စစ်တပ်က အဆိုပါစစ်ရေးလေ့ကျင့်ခန်းသည် ခွဲထွက်ရန်လိုလားသူများကို အပြစ်ပေးရန်ရည်ရွယ်သော စစ်ရေးလေ့ကျင့်ခန်းဖြစ်ကြောင်း၊ လွတ်လပ်ရေးရယူရန်ကြိုးပမ်းသောတပ်ဖွဲ့များသည် ဦးခေါင်းခွဲကာ သွေးထွက်သံယိုဖြစ်ပွားမှုများဖြင့် ရင်ဆိုင်ရမည်ဟု သတိပေးခဲ့သည်။

သို့သော်လည်း ထိုင်ဝမ်သမ္မတက ထိုင်ဝမ်နှင့် တရုတ်နိုင်ငံတို့သည် ဒေသအတွင်းတည်ငြိမ်ရေးအတွက် အဓိကတာဝန်ရှိကြောင်း၊ ထိုအတွက်ကြောင့် နှစ်ဖက်စလုံး တွေ့ဆုံဆွေးနွေးရမည်ဖြစ်ကြောင်း ပြောသည်။

ထိုင်ဝမ်သမ္မတအသစ်က “ တရုတ်နိုင်ငံနဲ့ ပူးပေါင်းပြီး အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ အပြန်အလှန်နားလည်မှုပိုင်း ပိုမိုကောင်းမွန်အောင်လုပ်ဆောင်သွားမယ်။” ဟု ပြောသည်။

ထိုင်ဝမ်သမ္မတ လိုင်ချန်တေးသည် ထိုင်ဝမ်ကာကွယ်ရေးစွမ်းရည်ပိုင်း ပိုမိုကောင်းမွန်စေရန် ရည်ရွယ်ထားသည့် သမ္မတဟောင်း ဆိုင်အမ်ဝမ်၏မူဝါဒများကို ဆက်လက်အကောင်ထည်ဖော်ရန် လိုလားနေကြောင်း သိရသည်။

တရုတ်အစိုးရက ထိုင်ဝမ်သမ္မတအသစ်သည် တရုတ်နှင့် ထိုင်ဝမ်နိုင်ငံကြား ခွဲထွက်ရန်လိုလားနေသူအဖြစ် ရှုမြင်သုံးသပ်ထားပြီး ၎င်းသမ္မတတာဝန်ယူချိန်အတွင်း တရုတ်နိုင်ငံက ထိုင်ဝမ်ကို ကျူးကျော်သိမ်းပိုက်ဖွယ်ရှိနေသည်ဟု ထင်ကြေးပေးသုံးသပ်မှုများရှိနေသည်။

ကောင်းထက်ငွေ

channelnewsasia.com

တရုတ်နိုင်ငံနှင့်တွေ့ဆုံဆွေးနွေးလိုကြောင်း ထိုင်ဝမ်သမ္မတ ဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.