တရုတ်နယ်စပ်ကုန်သွယ်ရေးဂိတ်နှစ်ခု ပြန်လည်ဖွင့်လှစ်

ရန်ကုန်၊ ဒီဇင်ဘာ ၄

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့တွင် နယ်စပ်ဂိတ်အချို့ပြန်လည်ဖွင့်လှစ်သော်လည်း တရားဝင်ကုန်သွယ်မှု ပြုလုပ်ခြင်းမရှိသေးကြောင်း သိရသည်။

ဒီဇင်ဘာ ၁ ရက်နေ့မှစ၍ မူဆယ်မြို့ရှိ မူဆယ်ဂိတ်နှင့် ကျင်စန်းကျော့ဂိတ်တို့ ပြန်လည်ဖွင့်လှစ်ခဲ့ပြီး ဒေသခံများစားသုံးရန် ကုန်စည်အနည်းငယ်သာ တင်သွင်းခွင့်ရကြောင်း သိရ သည်။

“တရုပ်နယ်စပ်ကုန်သွယ်ရေးဂိတ်တွေ ပြန်ဖွင့်နေပေမဲ့ ကုန်သွယ်မှုတော့ မပြုလုပ်ကြသေးဘူး။ ဒီဇင်ဘာ ၁ ရက်နေ့ကဖွင့်တာ။ မူဆယ်မြို့ကပြည်သူတွေ စားသုံးဖို့အတွက် တစ်ရက်ကို စူပါကာစတန်ကားအစီး ၅၀ နဲ့ ဆိုင်ကယ် အစီး ၂၀၀ သာ သယ်ဆောင်ခွင့်ပြုတယ်။ ကျင်စန်းကျော့မှာတော့ မြန်မာပြည်ဖက်က ပြောင်းနဲ့ ကြံကိုတင်ပို့ခွင့်ပြုထားတယ်။” ဟု ဒေ သခံတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် နယ်စပ်ကုန်သွယ်ရေးဂိတ်အချို့ ပြန်လည်ဖွင့်လှစ်ခြင်းမရှိသေးသဖြင့် ကုန်းစည်စျေးနှုန်းများ ကျဆင်းသွားခြင်းမရှိသေးကြောင်း သိရသည်။

“ကုန်စျေးနှုန်းတွေက ကျဆင်းတာမရှိပါဘူး။ တရုတ်ယွမ်စျေးနဲ့သင့်ပြီး ဝယ်စားရတာ။ စားသောက်ရေးအဆင်ပြေစေရုံကလွဲပြီး ကျန်တာအဆင်မပြေနိုင်ပါဘူး။ နယ်စပ်ဂိတ်ဖွင့်တော့ ဘယ်ကုန်သည်က ဘယ်လမ်းကသွားမှာလဲ။ ကုန်သွယ်ခွန်အတွက် ဘယ်သူကကာက်ခံမှာလဲ။ ကုန်သွယ်မှုအတွက် လမ်းပန်းဆက်သွယ်ရေးအတွက် ဘယ်သူကတာဝန်ယူမှာလဲ။” ဟု ဒေသခံတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

နိုဝင်ဘာ ၁၂ ရက်နေ့ကလည်း၊ မူဆယ်မြို့တွင် စက်သုံးဆီတစ်လီတာ ၁၂,၀၀၀ ကျပ်ပေးဝယ်နေရပြီး၊ မြို့အတွင်းသို့ ကုန်စည်အဝင်ကိုပါ ဖြတ်တောက်ထားခြင်းကြောင့် ဒေသခံများ အခက်အခဲများနှင့်ရင်ဆိုင်နေကြောင်း သိရသည်။

#ချစ်ချစ်ခိုင်

ဓာတ်ပုံ- MOI (ပုံဟောင်းကိုအသုံးပြုထားသည်)

#ယနေ့ခေတ်

တရုတ်နယ်စပ်ကုန်သွယ်ရေးဂိတ်နှစ်ခု ပြန်လည်ဖွင့်လှစ် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.