တရုတ်က ဖမ်းဝရမ်းထုတ်ထား​သူ ကိုးကန့်သူဌေးကြီး မြီရှောက်ချန်းသေဆုံး ဟုဆို

ရန်ကုန်၊ နိုဝင်ဘာ ၁၆

အွန်လိုင်းတွင် ငွေလိမ်လုပ်ငန်းများနှင့် ဆက်နွယ်ပြီး တရုတ်နိုင်ငံနှင့် နစကမှ ဝရမ်းထုတ်ထားသူ ကိုးကန့်သူဌေး မြီရှောက်ချန်းသည် လောက်ကိုင်မြို့တွင် နိုဝင်ဘာ ၁၆ ရက်က သေဆုံးသွား​ကြောင်း (ယ​နေ့) နိုဝင်ဘာ ၁၆ ရက် ​နေ့စွဲဖြင့် နစက၏ ထုတ်ပြန်ချက်အရ သိရသည်။

မြီရှောက်ချန်းကို ဝင်ဖမ်းဆီးစဉ်တွင် ၎င်းက ပစ္စတိုနှင့် မိမိကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ခဲ့​ကြောင်း နစက၏ ထုတ်ပြန်ချက်၌ ​ဖော်ပြထားသည်။

ကိုးကန့်ဒေသ​၏ အချမ်းသာဆုံး မိသားစုလေးခုမှ မြီမိသားစုဝင်များဖြစ်သည့် ဦးမြီရှောက်ချန်း၏သား မြီကော်ဖျင်၊ သမီးဖြစ်သူ မြီကျူးလန့်နှင့် မြေးဖြစ်သူ မြီကြိမ်းကြိမ်းတို့ကို (ယ​နေ့) နိုဝင်ဘာ ၁၆ ရက်< နံနက်ပိုင်းက ဖမ်းဆီးရမိပြီး ​နေ့လည်ပိုင်းတွင် တရုတ်နိုင်ငံသို့ လွှဲအပ်လိုက်​ကြောင်း ​​ဒေသတွင်းသတင်းများအရ သိရသည်။

လက်ရှိ မြီရှောက်ချန်း၏ ရုပ်အလောင်းကို အရေးပေါ်လူနာတင်ယာဉ်ဖြင့် သယ်ဆောင်လာခဲ့ပြီး ရန်လုံကျိုင်း နယ်စပ်ဂိတ်တွင် တရုတ်ရဲများက စစ်ဆေးခဲ့ပြီး တရုတ်ဘက်က အလောင်းကို ယူဆောင်သွား​ကြောင်း နစက၏ ထုတ်ပြန်ချက်အရ သိရသည်။

ရှမ်းပြည်နယ်၊ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် အွန်လိုင်း လိမ်လည်သူများ၊ လူကို သွေးဆောင်ဆွဲခေါ်မှုများ၊ လူပြန်ပေးဆွဲမှုများ၊ တရားမဝင် ချုပ်နှောင်မှုများ၊ ခြောက်လှန့် တောင်းယူမှုများကို ဂိုဏ်းဖွဲ့ကျူးလွန်ခြင်း၊ ကျူးလွန်ရန် အားထုတ်ခြင်း၊ အားပေးကူညီခြင်းများ ကျူးလွန်လျက်ရှိသည်ဟု နစက၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

#မြင့်မြတ်​အောင်မြင်

#ယနေ့ခေတ်

တရုတ်က ဖမ်းဝရမ်းထုတ်ထား​သူ ကိုးကန့်သူဌေးကြီး မြီရှောက်ချန်းသေဆုံး ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.