တရုတ်ကမ်းခြေစောင့်သင်္ဘောများ ယူဆောင်သွားသောပစ္စည်းများ ပြန်ပေးရန်နှင့် ဖျက်ဆီးခဲ့မှုများအတွက် ပြန်လျော်ပေးရန် ဖိလစ်ပိုင်စစ်တပ်တောင်းဆို

မနီလာ၊ ဇွန် ၂၀

ဖိလစ်ပိုင်စစ်တပ်အကြီးအကဲ ဗိုလ်ချုကြီး ရိုမီအို ဘရော်နာက တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့ဝင်များ၏လုပ်ရပ်က ဓါးပြတိုက်သည့်ပုံစံမျိုးဖြစ်ခဲ့ကြောင်း ဝေဖန်ပြစ်တင်လိုက်သည်။

ပြီးခဲ့သောရက်ပိုင်းက ပိုင်နက်နယ်မြေ အငြင်းပွားမှုများဖြစ်ပွားနေသော တောင်တရုတ်ပင်လယ်အတွင်းရှိ ကျွန်းနားတွင် ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်ဖွဲ့ သင်္ဘောများနှင့် တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့ သင်္ဘောများ ထိပ်တိုက်တွေ့ဆုံခဲ့ပြီးနောက် ဖိလစ်ပိုင်စစ်တပ်အကြီးအကဲက ဝေဖန်ပြစ်တင်လိုက်ခြင်းဖြစ်သည်။

၎င်းက “ တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့ဝင်တွေဟာ တုတ်တွေ၊ ဓါးတွေနဲ့ လှံတွေကိုင်ဆောင်ပြီး ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်ဖွဲ့ပိုင် သင်္ဘောအပေါ်ကို တက်လာတာဖြစ်တယ်။ ဓါးပြတိုက်သလိုမျိုးဖြစ်ခဲ့တယ်။ တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့ ဝင်တွေဟာ ဖိလစ်ပိုင်ကမ်းခြေစောင့်သင်္ဘောအပေါ်တက်ရောက်ပြီး ပစ္စည်းတွေကိုဖျက်ဆီးခဲ့သလို အချို့ပစ္စည်းတွေကိုလည်း ယူဆောင်သွားခဲ့တယ်။” ဟု ပြောသည်။


၎င်းက တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့အနေဖြင့် သိမ်းယူသွားသောပစ္စည်းများနှင့် လက်နက်များကို ပြန်လည်ပေးစေလိုကြောင်း၊ ထိခိုက်ပျက်စီးခဲ့သောအရာတွေအတွက် ပြန်လည် လျော်ပေးစေလိုကြောင်း ထပ်မံပြောဆိုခဲ့သည်။

တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့က အငြင်းပွားနေသည့် တောင်တရုတ်ပင်လယ်အတွင်းရှိ Second Thomas Shoal ကျွန်နားတွင် ရိက္ခာလာပို့သော ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်ဖွဲ့သင်္ဘောအပေါ်ကို ပထမဆုံးအကြိမ် တက်ရောက်စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လူမူကွန်ရက်တွင်ထွက်ပေါ်ခဲ့သော ရုပ်သံဖိုင်များထဲတွင် တရုတ်ကမ်းခြေစောင့်သင်္ဘောနှစ်စီးသည် ဖိလစ်ပိုင်ကမ်းခြေစောင့်သင်္ဘောအပေါ်ကို လမ်းပိတ်ထားပြီး သင်္ဘောများပေါ် တက်ရောက်ပြီး စစ်ဆေးခြင်းများလုပ်ဆောင်ခဲ့ကြောင်း ဖော်ပြထားသည်။

တရုတ်ကမ်းခြေစောင့်သင်္ဘောများသည် ပြီးခဲ့သောနှစ်တည်းကစတင်ပြီး ဖိလစ်ပိုင်ကမ်းခြေစောင့်သင်္ဘောများကို ဟန့်တားခြင်း၊ နှောက်ယှက်ခြင်း၊ မီးသတ်ပိုက်ဖြင့်ထိုးခြင်းများလုပ်ဆောင်ခဲ့ရာ တင်းမာမှုများဖြစ်လာနေကြောင်း သိရသည်။

ကောင်းထက်ငွေ

theguardian.com

တရုတ်ကမ်းခြေစောင့်သင်္ဘောများ ယူဆောင်သွားသောပစ္စည်းများ ပြန်ပေးရန်နှင့် ဖျက်ဆီးခဲ့မှုများအတွက် ပြန်လျော်ပေးရန် ဖိလစ်ပိုင်စစ်တပ်တောင်းဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.