တရားဝင်လိုင်စင်မရှိပဲ အခကြေးငွေယူပြီး ဒူဘိုင်းသို့ အလုပ်သမားပို့ဆောင်ခဲ့သူနှစ်ဦးကို အလုပ်နှင့်ထောင်ဒဏ်များ ချမှတ်

အောင်လံ၊ အောက်တိုဘာ ၂၁

မကွေတိုင်း၊ အောင်လံမြို့၌ ပြည်ပတရားဝင်အလုပ်သမားပို့ဆောင်ရေး လိုင်စင်မရှိပဲ အမျိုးသမီးများကို အခကြေးငွေရပြီး ဒူဘိုင်းသို့ ပိုဆောင်ခဲ့သည့် အမျိုးသမီးနှစ်ဦးအား ပြည်ပ အလုပ်အကိုင်ဆိုင်ရာဥပဒေဖြင့် အောက်တိုဘာ ၁၇ ရက်က အလုပ်နှင့်ထောင်ဒဏ်များ ချမှတ်ခဲ့ကြောင်း သက်ဆိုင်ရာတာဝန်ရှိသူများထံမှ သိရသည်။

ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်တွင် နေထိုင်သည့် မေဖုန်း(ခ)ကေသီမြင့်နှင့် ရန်ကင်းမြို့နယ်နေ မေသဇင်(ခ)ဇင်ငယ်တို့သည် မကွေးတိုင်း၊ အောင်လံမြို့နယ်တွင်နေထိုင် သည့် အမျိုးသမီးလေးဦးကို ဒူဘိုင်းတွင်အလုပ်လုပ်ပါက တစ်လလျှင် ငွေကျပ် ၈ သိန်းမှ ၁၀ သိန်းအထိ ရရှိမည်ဆိုကာ ပြောဆိုစည်းရုံး ပြီး အခကြေးငွေများရယူခဲ့ကြောင်း သိရသည်။

အလားတူ ၎င်းတို့နှစ်ဦးသည် အောင်လံမြို့နယ်တွင်နေထိုင်သည့် အခြားသော အမျိုးသမီးတစ်ဦးအား အခကြေးငွေရယူပြီး ဒူဘိုင်းသို့ပို့ဆောင်ခဲ့ရာ ၎င်းတို့နှစ်ဦးကိုအား သက်ဆိုင် ရာမှဖမ်းဆီးကာ အောင်လံမြို့မရဲစခန်းက (ပ)၁၀၁/ ၂၀၂၂ ၊ ပြည်ပအလုပ်အကိုင်ဆိုင်ရာ ဥပဒေပုဒ်မ ၂၆ အရလည်းကောင်း၊ (ပ) ၁၁၆/၂၀၂၂၊ ပြည်ပအလုပ်အကိုင်ဆိုင်ရာ ဥပဒေပုဒ်မ ၂၆ အရလည်းကောင်း အမှုရေးဖွင့်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

” သူတို့နှစ်ယောက်ကို သက်ဆိုင်ရာက လုပ်ထုံးလုပ်နည်းတွေနဲ့အညီ သတင်းအရ ဖမ်းဆီးစစ်ဆေးခဲ့တာ။ နှစ်ယောက်လုံး ပစ်မှုထင်ရှားတဲ့အတွက် အောင်လံမြို့နယ်တရားရုံးက ပြည်ပအလုပ်အကိုင်ဆိုင်ရာ ဥပဒေပုဒ်မ ၂၆ အရ အမှုတစ်မှုကို အလုပ်နဲ့ထောင်ဒဏ် ၃ နှစ်စီကျခံစေရန် အမိန့်ချမှတ်ခဲ့တာ။” ဟု တရားရေးတာဝန်ရှိသူတစ်ဦးက ပြောသည်။

ပြည်ပအလုပ်အကိုင်ဆိုင်ရာ ဥပဒေပုဒ်မ (၂၆) အရ မည်သူမဆို အကျိုးဆောင်လိုင်စင်မရှိဘဲ အကျိုးဆောင်လုပ်ငန်းကို လုပ်ကိုင်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို ထောင်ဒဏ် ၇ နှစ်အထိ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်းချမှတ်နိုင်ကြောင်း သိရသည်။

ဝဏ္ဏ

#ယနေ့ခေတ်

တရားဝင်လိုင်စင်မရှိပဲ အခကြေးငွေယူပြီး ဒူဘိုင်းသို့ အလုပ်သမားပို့ဆောင်ခဲ့သူနှစ်ဦးကို အလုပ်နှင့်ထောင်ဒဏ်များ ချမှတ် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.