ရန်ကုန်၊ အောက်တိုဘာ ၁
ပြည်ပရောက် မြန်မာလုပ်သားများ တရားဝင်လမ်းကြောင်းမှ ငွေလွှဲရန်နှင့် အခွန်မဖြစ်မနေပေးဆောင်ရမည်ဟု အေဂျင်စီများက ဖိအားပေးနေကြောင်း အလုပ်သမားများ၏ ပြော ပြချက်အရ သိရသည်။
“ အခုဆိုရင် မဖြစ်မနေလွှဲရတော့မယ်။ အေဂျင်စီဘက်က အကြောင်းကြားလာတယ်။ ဘာလို့ဆို တရားဝင်ဗီဇာနဲ့ဖြစ်နေလို့။ ဗီဇာသက်တမ်းတိုးတာတို့ ဘာတို့ဆိုရင် အေဂျင်စီက လုပ်ပေးမှရတာ။” ဟု ဂျပန်ရောက် မြန်မာလုပ်သားတစ်ဦးက ပြောသည်။
ပြည်ပရောက် မြန်မာလုပ်သားများသည် လစဥ်လစာ၏ ၂၅ ရာခိုင်နူန်းဖြစ်စေ၊ အများဆုံးသုံးလစာ၏ ၂၅ ရာခိုင်နှုန်းဖြစ်စေ လွှဲပို့ရမည်ဟု သြဂုတ်လကုန်ပိုင်းတွင် ညွှန်ကြားချက် ထုတ်ပြန်ထားသည်။
ထို့ကြောင့် စက်တင်ဘာ ၁ ရက်မှစ၍ ပြည်ပသို့သွားရောက်မည့် အလုပ်သမားများသည် သတ်မှတ်ထားသည့်နှုန်းအတိုင်း ငွေလွှဲပို့မည့်အကြောင်း ဝန်ခံလက်မှတ်ကို အေဂျင်စီနှင့် စာချုပ်ချုပ်ချိန်တွင် လက်မှတ်ရေးထိုးခိုင်းထားကြောင်း ပြည်ပအလုပ်အကိုင်အေဂျင်စီများထံမှ သိရသည်။
ထို့ပြင် အောက်တိုဘာ ၁ ရက်မှစ၍ ပြည်ပရောက် မြန်မာလုပ်သားမျာ၏ လစာအပေါ် ဝင်ငွေခွန်ပေးဆောင်ရမည်ဖြစ်သည်။
“ အခွန်ကတော့ မဖြစ်မနေပေးရမယ်။ မပေးရင် ငွေမည်းဖြစ်မယ်။ ပိုင်ဆိုင်မှု သိမ်းမယ်။ အခွန်မဆောင်ရင် ပတ်စ်ပို့သက်တမ်းတိုးတဲ့အခါ ပေးရမှာပဲ။” ဟု ဥပဒေပညာရှင်တစ်ဦးက ပြောသည်။
စုစု
ဓာတ်ပုံ-ဆိုးလ်မြို့၊မြန်မာသံရုံး
တရားဝင်လမ်းကြောင်းမှလွှဲရန်နှင့် အခွန်မဖြစ်မနေပေးဆောင်ရန် ပြည်ပရောက် မြန်မာလုပ်သားများကို အေဂျင်စီများ ဖိအားပေး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်