တရားမဝင် ဝင်ရောက်လာသူ တရုတ်နိုင်ငံသား ၁၀၁၇ ဦးကို တရုတ်နိုင်ငံသို့ ပြန်လည် လွှဲပြောင်းပေးအပ်ပြီး ဟုဆို

ရန်ကုန်၊ နိုဝင်ဘာ ၂၀

တရားမဝင် ဝင်ရောက်နေသည့် တရုတ်နိုင်ငံသား ၁၀၁၇ ဦးကို တရုတ်နိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့​ကြောင်း ပြန်ကြား​ရေးဌာန၏ သတင်းထုတ်ပြန်​ရေး တာဝန်ရှိသူတစ် ဦးက ယ​နေ့​ခေတ်သို့ ​ပြောသည်။

“ နယ်စပ်ဒေသတွေမှာ တရားမဝင် ဝင်ရောက်နေထိုင်လျက်ရှိတဲ့ တရုတ်နိုင်ငံသားများကို စိစစ်ဖော်ထုတ်ခြင်းများကို ဆောင်ရွက်လျက်ရှိပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၃ ရက်မှ နိုဝင်ဘာ ၁၉ ရက်အထိ တရုတ်နိုင်ငံသား အမျိုးသား ၉၃၅ ဦး၊ အမျိုးသမီး ၈၂ ဦး၊ စုစုပေါင်း ၁၀၁၇ ဦးကို ဖော်ထုတ်ရရှိခဲ့ပါတယ်။ ဥပဒေနဲ့အညီ လိုအပ်တဲ့စိစစ်ခြင်းများ ဆောင်ရွက် ခဲ့ပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ တာဝန်ရှိသူများထံသို့ စနစ်တကျ ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့တယ်။” ဟု ပြန်ကြား​ရေးဌာန၏ သတင်းထုတ်ပြန်​ရေး တာဝန်ရှိသူတစ်ဦးက ယ​နေ့​ခေတ်သို့ ​ပြောသည်။

အဆိုပါ တရားမဝင် ဝင်​ရောက်​နေထိုင်သူများအား ကျိုင်းတုံမြို့နယ်၊ တာချီလိတ်မြို့နယ်၊ မိုင်းဖြတ်မြို့နယ်၊ မိုင်းဆတ်မြို့နယ်၊ မိုင်းယောင်းမြို့နယ်နှင့် မိုင်းပျဉ်းမြို့နယ်တို့တွင် ဖမ်းဆီး ရမိခဲ့ခြင်းဖြစ်​ကြောင်း သိရသည်။

တရုတ်-မြန်မာနယ်စပ် မူဆယ်တွင် အွန်လိုင်းငွေလိမ်ဂိုဏ်းများကို ဖမ်းဆီးနှိမ်နင်းပေးရန် နစကသို့ တရုတ်အစိုးရက ကူညီ​တောင်းခံပြီး​နောက် မြန်မာနိုင်ငံသို့ တရားမဝင် ဝင်​ရောက်​နေထိုင်သူများအား ဖမ်းဆီးရမိခြင်းဖြစ်​ကြောင်း သိရသည်။

#မြင့်မြတ်အောင်မြင်

#ယနေ့ခေတ်

တရားမဝင် ဝင်ရောက်လာသူ တရုတ်နိုင်ငံသား ၁၀၁၇ ဦးကို တရုတ်နိုင်ငံသို့ ပြန်လည် လွှဲပြောင်းပေးအပ်ပြီး ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.