တရားမဝင်တင်ပို့သည်ဟုဆိုကာ ပြောင်းလုပ်ငန်းရှင်များ ခေါ်ယူစစ်ဆေးခံရပြီးနောက် ပြောင်းတင်ပို့မှု လျော့ကျလာ ဟုဆို

ရန်ကုန်၊ စက်တင်ဘာ ၁၄

ထိုင်းနိုင်ငံသို့ တရားမဝင် ပြောင်းတင်ပို့သည်ဟုဆိုကာ ပြောင်းလုပ်ငန်းရှင်များ ခေါ်ယူစစ်ဆေးခံရပြီးနောက်ပိုင်း နယ်စပ်ပြောင်းတင်ပို့မှု လျော့ကျလာကြောင်း ကုန်သည်များ၏ ပြောပြချက်အရ သိရသည်။

ပြည်တွင်းရှိ ပြောင်းကုန်သည်အများစုသည် အခွန်ကင်းလွတ်ခွင့်ရရှိသည့် ဖေဖော်ဝါရီလမှ ဩဂုတ်လ ၃၁ ရက်အထိ ထိုင်းနိုင်ငံသို့ တင်ပို့ခြင်းဖြစ်ပြီး အဆိုပါကာလ ပြီးဆုံးပါက အခွန်ဖြင့်တင်ပို့ရခြင်းဖြစ်ကြောင်း သိရသည်။

“ နယ်စပ်လမ်းကြောင်းကနေ တရားမဝင် တင်ပို့တယ်ဆိုပြီး ပြီးခဲ့တဲ့ရက်ပိုင်းက ပြောင်းကုန်သည်တွေကို ခေါ်ယူစစ်ဆေး မေးမြန်းတာတွေလုပ်တယ်။ အမှန်က အခွန်ကင်းလွတ် ခွင့်နဲ့ တင်ပို့တာဖြစ်ပါတယ်။ လိုင်စင်သေချာလျှောက်ပြီး တင်ပို့တာ” ဟု ပြောင်းကုန်သည်တစ်ဦးက ပြောသည်။

မြန်မာ့ပြောင်းကို နယ်စပ်မှတဆင့် တင်ပို့မှုများရှိသလို ပင်လယ်ရေကြောင်းမှ တင်ပို့ရာတွင် တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံနှင့် စင်ကာပူနိုင်ငံသို့ တင်ပို့ပြီး စင်ကာပူမှတဆင့် ဗီယမ်နမ်နှင့် အခြားနိုင်ငံများသို့ ဆက်လက်တင်ပို့မှုများရှိကြောင်း၊ ထို့အပြင် နှစ်စဉ် ၁ ဒသမ ၅ သန်းခန့် ပုံမှန်တင်ပို့နိုင်ကြောင်း သိရသည်။

စုစု

ဓာတ်ပုံ-အင်တာနက်

#ယနေ့ခေတ်

တရားမဝင်တင်ပို့သည်ဟုဆိုကာ ပြောင်းလုပ်ငန်းရှင်များ ခေါ်ယူစစ်ဆေးခံရပြီးနောက် ပြောင်းတင်ပို့မှု လျော့ကျလာ ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.