ရန်ကုန်၊ ဇွန် ၁၄
ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ်၊ ရေကန်တောင်ဘက်တွင် တပ်မဝော်နှင့် KIA/ PDF ပူးပေါင်းအဖွဲ့တို့ တိုက်ပွဲဖြစ်ပွားနေခြင်းကြောင့် ဒေသခံ ၂၀၀ ဝန်းကျင် ထွက်ပြေးတိမ်းရှောင်နေရကြောင်း စစ်ဘေးရှောင်များကို ကူညီပေးနေသူများထံမှ သိရသည်။
ယခု ဇွန်လ ၉ ရက်မှစတင်ပြီး KIA/ PDF အဖွဲ့တို့က ရေကန်တောင်ရှိ တပ်မတော်စခန်းနှင့် ရွှေမှော်ဘက်ရှိ တပ်မဝော်စခန်းများကို စတင်တိုက်ခိုက်ခဲ့မှုကြောင့် နှစ်ဘက်ပြင်းထန်တိုက်ပွဲများ ဖြစ်ပွားနေသဖြင့် ဒေသခံများ၊ ရွှေပြောင်းရွှေလုပ်သားများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း စစ်ရှောင်များအရေး ဆောင်ရွက်နေသူတစ်ဦးက ပြောသည်။
“ ရွှေမှော်ဘက်ရယ်၊ ရေကန်တောင်ဘက်ရယ်ဖြစ်နေတာပါ။ ဒေသခံတွေ မနည်းထွက်ပြေးနေရတယ်။ သေဆုံးတာတို့၊ သိမ်းပိုက်နိုင်တာတို့တော့ သေချာမသိရဘူး။ ရွှေမှော်ကလုပ် သားတွေနဲ့ တိုက်ပွဲဖြစ်တဲ့ကျေးရွာဘက်တွေက ပြည်သူတွေအများစု တနိုင်းဘက်ကို ရှောင်လာခဲ့ကြတယ်။” ဟု ၎င်းကဆက်ပြောသည်။
ထိုသို့တိုက်ပွဲများဖြစ်ပွားလာသည့်အတွက် ထွက်ပြေးတိမ်းရှောင်နေရသူများထဲတွင် ကလေးငယ်နှင့် သက်ကြီးရွယ်အိုများလည်းပါဝင်ကြောင်း၊ မိုးရာသီဖြစ်သည့်အတွက် အခက်အခဲများဖြစ်နေကြောင်း ဒေသခံများကဆိုသည်။
ပြီးခဲ့သည့် မေလ ၁၆ ရက်ကလည်း နမ်ဗျူ၊ နမ်ခမ်းကျေးရွာဘက်ရှိ တပ်မတော်စခန်းများကို KIA/ PDF အဖွဲ့တို့က တိုက်ခိုက်ခဲ့ကြသည့်အတွက် တပ်နှင့်အပြန်အလှန်တိုက်ပွဲများဖြစ်ပွားပြီး ဒေသခံများထွက်ပြေးတိမ်းရှောင်ခဲ့ရ ကြောင်း ဒေသခံများ၏ပြောပြချက်အရ သိရသည်။
ခန့်ခန့်
Photo – CJ
#ယနေ့ခေတ်
တနိုင်းမြို့နယ်တွင် တပ်နှင့် KIA/ PDF ပူးပေါင်းအဖွဲ့တို့ တိုက်ပွဲဖြစ်ပွားနေရာ ဒေသခံများတိမ်းရှောင်ရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်