တနိုင်းစစ်ရှောင်စခန်းတွင် ဆေးဝါးပစ္စည်းများ အရေးပေါ်အကူညီများ လိုအပ်နေ

ရန်ကုန်၊ ဇွန် ၁၀

ကချင်ပြည်နယ်၊ တနိုင်းမြို့ရှိ တနိုင်းစစ်ရှောင်စခန်းတွင် ဆေးဝါးပစ္စည်းများ အရေးပေါ်အကူညီလိုအပ်နေကြောင်း စစ်ဘေးရှောင်များကို ကူညီပေးသူထံမှ သိရသည်။

တနိုင်းစစ်ရှောင်စခန်းသို့ ယခင်က မြို့နယ်ကျန်းမာရေးအဖွဲ့အစည်းများ၊ NGO ဆေးဝါးအဖွဲ့အစည်းများက တစ်လတစ်ခါ ဆေးဝါးကုသမှု၊ ဆေးဝါးထောက်ပံ့မှုများရှိခဲ့သော်လည်း နိုင်ငံရေးအခြေအနေ ဆိုးရွားလာသည့်နောက်ပိုင်း ယင်းကဲ့သို့ ဆေးဝါးကုသမှုများခံယူရန် အခွင့်အရေးများမရရှိတော့သည့်အတွက် အခက်ကြုံတွေ့နေရခြင်းဖြစ်ကြောင်း စစ်ဘေးရှောင်များကို ကူညီပေးသူတစ်ဦးက ပြောသည်။

“လက်ရှိ တနိုင်းတိုက်ပွဲရှောင်စခန်းမှာ ကိုယ်ဝန်ဆောင်မိခင်တွေ၊ နို့တိုက်မိခင်တွေ၊ မွေးကင်းစကလေးသူငယ်တွေ နဲ့ ကျောင်းတက်ပညာသင်ယူရမယ့် ကလေးသူငယ်တွေမှာ အာဟာရချို့တဲ့ခြင်း၊ နာမကျန်းဖြစ်ခြင်းတွေ မကြာခဏဖြစ်နေတယ်။ အဓိကကတော့ဆေးဝါးကုသရန် အကူအညီလိုအပ်မှုရှိနေတာပေါ့။” ဟု ၎င်းကဆက်ပြောသည်။

အဆိုပါ တနိုင်းတိုက်ပွဲရှောင်စခန်းတွင် တနိုင်းမြို့ရှိ ကင်ဆာရာရပ်ကွက်နှင့် ဆွတ်ငိုင်ရပ်ကွက်တွင် KBC camp, COC camp, RC camp ဟူ၍ camp သုံးခုရှိပြီး အောင်လောက့်၊ ဆွတ်ရာ၊ ဆွတ်ရိန်၊ နန်ဗျူ၊ နမ်ခမ် စသည့်ကျေးရွာဒေသများမှ လာရောက်ခိုလှုံ နေထိုင်သူများဖြစ်ကြောင်း သိရသည်။

ခန့်ခန့်

ဓာတ်ပုံ – CJ

ယနေ့ခတ်

တနိုင်းစစ်ရှောင်စခန်းတွင် ဆေးဝါးပစ္စည်းများ အရေးပေါ်အကူညီများ လိုအပ်နေ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.