တနင်္သာရီ၊ အောက်တိုဘာ ၁၃
တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်တွင် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် အောက်တိုဘာ ၁၂ ရက်၊ ညနေပိုင်းက ၁၀ နှစ်အရွယ် ကလေးတစ်ဦးသေဆုံးပြီး အခြား လေးဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် တနင်္သာရီတိုင်း၊ သစ်ပင်ခြောက်ရွာမှ အသက် ၁၀ နှစ်အရွယ် ကလေးတစ်ဦးနှင့် သစ်ပင်ခြောက်၊ လယ်တောင်ယာ၊ တမုတ်ချုံးရွာ စသည့်ကျေးရွာများမှ အသက် ၁၀ နှစ်အရွယ် နောက်ထပ် ကလေးနှစ်ဦးနှင့် အသက် ၃၀ အရွယ် အမျိုးသားနှစ်ဦးတို့ ဒဏ်ရာရရှိခဲ့ ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။
” လက်နက်ကြီးနဲ့ ၁၀ ချက်ထက်မနည်း ပစ်ခံရတာ။ ဒါ့ကြောင့် အခုလို သေဆုံးဒဏ်ရာရတဲ့သူ များတာပေါ့။ သေဆုံးသွားတဲ့ကလေးက သစ်ပင်ခြောက်ကျေးရွာက ၁၀ နှစ်အရွယ် ကလေးလေးပါ။ ဘယ်အဖွဲ့က ပစ်နေလဲတော့မသိဘူး။ တိုက်ပွဲဖြစ်နေတာလည်းမရှိဘူး။” ဟု အထက်ပါပုဂ္ဂိုလ်က ဆက်ပြောသည်။
ပြီးခဲ့သည့် အောက်တိုဘာလ ၂ ရက်ကလည်း တနင်္သာရီမြို့၌ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ကလေးတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ ထိခိုက်ဒဏ်ရာများရရှိခဲ့ သေးကြောင်း ဒေသခံများထံမှ သိရသည်။
ဝဏ္ဏ
တနင်္သာရီမြို့နယ်၌ လက်နက်ကြီးကျည် ထိမှန်မှုကြောင့် အသက် ၁၀ နှစ်အရွယ် ကလေးတစ်ဦး သေဆုံးခဲ့ပြီး လေးဦးဒဏ်ရာရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်