တနင်္သာရီ၊ အောက်တိုဘာ ၁၄
တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ လယ်တောင်ယာရွာနှင့် တမုတ်ချုံးရွာအကြား၌ အောက်တိုဘာ ၁၃ ရက်၊ နံနက်ပိုင်းက မြတ်မန္တလာထွန်း ခရီးသည်ယာဉ်တစ်စီး မိုင်းဆွဲတိုက် ခိုက်ခံခဲ့ရကြောင်း သိရသည်။
အဆိုပါ မိုင်းဆွဲတိုက်ခိုက်ခံရခြင်းကြောင့် ကား၏ဘေးမှန်များ ထိခိုက်ပျက်စီးခဲ့ပြီး ယာဉ်ပေါ်လိုက်ပါလာသည့် ယာဉ်ဝန်ထမ်းများ၊ ခရီးသည်များ ထိခိုက်မှုမရှိ ခဲ့ကြောင်း တနင်္သာရီ မြို့အခြေစိုက် လူမှုကူညီရေးအဖွဲ့တစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“လူထိခိုက်မှုမရှိပါဘူး။ ကားရဲ့ ဘယ်ဘက်အခြမ်းက ကားမှန်ကြီးတွေတော့ ကွဲသွားတယ်။” ဟု အထက်ပါပုဂ္ဂိလ်က ဆက်ပြောသည်။
အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ အဆိုပါ ခရီးသည်တင်ယာဉ်ကို PDF အဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခြင်းဖြစ်သည်ဟု နိုင်ငံပိုင်မီဒီယာများနှင့် မီဒီယာအချို့တွင် ရေးသားထုတ်ပြန်ထား သည်။
ထို့အပြင် တနင်္သာရီမြို့နယ်အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF အဖွဲ့ဘက်က အဆိုပါ ခရီးသည်တင်ယာဉ်ကို မိုင်းဆွဲတိုက်ခိုက်မှု မလုပ်ဆောင်ခဲ့ကြောင်း ထုတ်ပြန်ကြေညာ ထားသည်။
အဆိုပါအခြေအနေနှင့်ပတ်သက်၍ ယနေ့ခေတ်အနေဖြင့် သီးခြားအတည်ပြုချက် ရယူနိုင်ခြင်း မရှိသေးပါ။
တနင်္သာရီမြို့နယ်၌ အောက်တိုဘာ ၁၄ ရက်၊ နံနက်ပိုင်းကလည်း တမုတ်ချုံးရွာအနီး တပ်နှင့် PDF တို့ နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး တပ်ဘက်မှ သုံးဦးသေဆုံးခဲ့သေးကြောင်း ဒေသခံများထံမှ သိရသည်။
ဝဏ္ဏ
Photo – CJ
တနင်္သာရီမြို့နယ်၌ မြတ်မန္တလာထွန်း ခရီးသည်ယာဉ် မိုင်းဆွဲတိုက်ခိုက်ခံရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်