တစ်လက်မကျူးကျော်ရုံဖြင့် တောင်ကိုရီးယားကို စစ်တိုက်သွားမည်ဖြစ်ကြောင်း မြောက်ကိုရီးယားခေါင်းဆောင် ဆို

ပြုံယမ်း၊ ဇန်နဝါရီ ၁၆

မြောက်ကိုရီးယားပိုင်နက် တစ်လက်မကျူးကျော်ရုံဖြင့် တောင်ကိုရီးယားနှင့် စစ်ပွဲဖြစ်မည်ဖြစ်ပြီး တောင်ကိုရီးယားကို တိုက်ခိုက်သွားမည်ဖြစ်ကြောင်း မြောက်ကိုရီးယားခေါင်း ဆောင် ကင်ဂျုံအမ်က ထုတ်ဖော်ပြောဆိုလိုက်သည်။

မြောက်ကိုရီးယားနိုင်ငံသည် လက်ရှိအချိန်တွင် တောင်ကိုရီးယားနှင့် ပြန်လည်ပေါင်းစည်းရန် လုပ်ငန်းများလုပ်ကိုင်မည့်အဖွဲ့ကို ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်း သိရသည်။

တောင်ကိုရီးယားနှင့် မြောက်ကိုရီးယားနိုင်ငံကြားရှိ ရေကြောင်းနယ်နမိတ်ကို အသိမှတ်မပြုကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေတွင်လည်း တောင်ကိုရီးယားကို သိမ်းပိုက်ရယူခွင့် ပေးမည်ဆိုသောအချက်ကို ပြောင်းလဲထည့်သွင်းသွားမည်ဖြစ်ကြောင်း မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအမ်က ပြောသည်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအမ်က “ တောင်ကိုရီးယားဟာ ကျွန်တော်တို့ရေပိုင်နက်၊ လေပိုင်နက်နဲ့ ကုန်းမြေပိုင်နက်တွေကို တစ်လက်မကျူးကျော်မယ်ဆိုရင်တောင် ရန်စမှုအဖြစ်ရှုမြင်ပြီး တိုက်ခိုက်သွားမယ်။” ဟု ပြောသည်။

မြောက်ကိုရီးယားခေါင်းဆောင်က “ ကျွန်တော်ရဲ့အမြင်အရတော့ တောင်ကိုရီးယားနိုင်ငံနဲ့ စစ်ဖြစ်မယ်လာဆိုရင် အပြည့်အဝ သိမ်းပိုက်ရယူခွင့်ပေးရမယ့်အချက်ကို ထည့်သွင်းသွား မယ်။ နိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ တောင်ကိုရီးယားနိုင်ငံကို ရန်လိုတဲ့နိုင်ငံအဖြစ် သတ်မှတ်ဖော်ပြသွားဖို့ လုပ်ဆောင်ရမယ်။” ဟု ပြောသည်။

မြောက်ကိုရီးယားနိုင်ငံသည် ပြီးခဲ့သောရက်ပိုင်းတွင် ဒုံးကျည်အမျိုးမျိုးကို စမ်းသပ်ခဲ့ပြီးနောက် တောင်ကိုရီးယားကို ပြင်းပြန်းထန်ထန်သတိပေးခဲ့ကြောင်း သိရသည်။

မြောက်ကိုရီးယားသည် ပြီးခဲ့သောနှစ်က စစ်ဘက်သုံးဂြိုလ်တုကို အောင်မြင်စွာစမ်းသပ်ခဲ့ပြီးနောက်ပိုင်း တောင်ကိုရီးယား၊ အမေရိကန်နိုင်ငံတို့နှင့် တင်းမာမှုအရှိန် မြင့်တက်လာခဲ့ ကြောင်း သိရသည်။

ကောင်းထက်ငွေ

channelnewsasia.com

တစ်လက်မကျူးကျော်ရုံဖြင့် တောင်ကိုရီးယားကို စစ်တိုက်သွားမည်ဖြစ်ကြောင်း မြောက်ကိုရီးယားခေါင်းဆောင် ဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.